အပိုင်း(၅၀) Final

16.6K 1K 92
                                    

[Unicode+Zawgyi]

ငါတို့နှစ်ယောက် နှစ်ယောက်တစ်အိပ်မက်နဲ့အတူ ကြင်နာစွာခိုင်မြဲလက်တွဲထားမယ် ....

ရွှေရည်စိမ်အချစ်ကိုသာမျှော်လင့်ရဲခဲ့တဲ့ကောင်လေးဟာ စစ်မှန်သောမေတ္တာတရားတို့ရဲ့ရစ်ပတ်နှောင်ဖွဲ့ခြင်းခံရပြီး လေးနက်တဲ့သစ္စာတရားတွေနဲ့အတူ နှလုံးသားအားနွေးထွေးစေခဲ့လေသည် ....

တင်္ဂတနွေးစေခဲ့တဲ့ရင်ခွင်ဟာ တစ်ဘဝစာလုံခြုံစေမယ့်ခိုနားရာတစ်ခုဖြစ်လာခဲ့သည် ....

ဦးနှောက်ထဲမှာစွဲကျန်ရစ်စေမယ့်ယုံကြည်ရသောကတိစကားတို့ဟာ ဘဝအဆက်ဆက်တည်မြဲနေတော့မည် ....

ချစ်စဖွယ်ဟန်ပန်လေးတွေရဲ့မြစ်ဖျားခံရာ ချစ်လှစွာသောဤလူသားကို ထာဝရပိုင်ဆိုင်ခွင့်ရရှိတော့မည် ....

ရာသီဥတုလေးသည်သာယာနေပါ၏။ လေအေးစွက်တဲ့မြူခိုးတွေကြားဝယ် ငှက်သတ္တဝါတို့သည် မြူးတူးစွာပျံသန်းနေကြသည်။ ပန်းခြံလေးထဲမှပန်းပေါင်းစုံတို့ရဲ့သင်းထုံချိုအီသောရနံ့တို့ဟာ မွှေးကြိုင်စွာလွင့်ပျံ့နေပါသည်။

တောင်အထပ်ထပ်ကြားထဲကနေ နေမင်းပြူမထွက်သေးခင်ကတည်းက စိုင်းခွန်နိုးနေခဲ့သည်။ တစ်ညလုံးလည်း စိတ်လှုပ်ရှားမှုတွေကြီးစိုးနေလို့ ကောင်းကောင်းအိပ်မရခဲ့။ ဒီမနက်လည်း ဝေလီဝေလင်းကတည်းကနိုးနေကာ ဝရန်တာလေးထဲဝယ် ငုတ်တုပ်လေးထိုင်နေပြန်ပါ၏။

မင်္ဂလာပွဲနေ့ ....

ဒီနေ့က ဟံသာနဲ့ စိုင်းခွန်တို့ရဲ့လက်ထပ်မင်္ဂလာပွဲနေ့။

မျက်နှာထက်၌ ဖျောက်ဖျက်လို့မရတဲ့အပြုံးရိပ်တွေက လွှမ်းခြုံနေလိုက်တာ လူအများအားကျစရာလေး။

"အုပ်အုပ် .... ဘာထိုင်လုပ်နေတာလဲ"

"ဪ အစ်မ ဒီလိုပါပဲဗျ"

"ဘာဒီလိုပါပဲလဲ .... စိတ်လှုပ်ရှားနေလို့အိပ်မမွေဘူးမလား"

{အိပ်မမွေ = အိပ်မပျော်}

"ဟီး ဟုတ်တယ်"

မောင်ဖြစ်သူပျော်နေတာကိုကြည့်ပြီး နန်းယဉ်ဟွမ်လည်းထပ်တူပျော်မိသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now