အပိုင်း(၁၇)

10.9K 1.4K 14
                                    

[Unicode+Zawgyi]

မှိုင်းပျမှုန်ရီနေတဲ့ဝန်းကျင်ကြီးက လွမ်းမောဖွယ်ရာ ....

စိမ်းစိုအုံ့ဝေနေတဲ့တောတန်းကြီးက လွမ်းမောဖွယ်ရာ ....

ပိုင်ဆိုင်ခွင့်မရှိတဲ့သူကိုငေးကြည့်နေရတာက လွမ်းမောဖွယ်ရာ ....

ပြုံးလိုက်တိုင်းရင်ကိုအေးချမ်းစေတာလေးက လွမ်းမောဖွယ်ရာ ....

ဈေးဆိုသည့်အလျှောက် ဆူညံပွတ်လောရိုက်နေတတ်သည်။

ဆူညံနေသော်လည်း နားထောင်ကောင်းလှသည်ဟု ဟံသာတွေးသည်။

အကြောင်းကတော့ သူတို့ရဲ့ဝဲတဲတဲအသံချိုလေးတွေကြောင့်။

"ပြီးရင်ဘယ်သွားမှာလဲ"

"အစ်ကိုဘယ်သွားချင်လဲ"

"ညီကတော့လုပ်ပြီ အစ်ကိုမသိပါဘူးဆို"

ဟံသာကအဲ့လိုပြောတော့ စိုင်းခွန်ရယ်သည်။

စိတ်လိုလက်ရရယ်နေတဲ့စိုင်းခွန်ကို ဟံသာခေတ္တမျှ မှင်သက်စွာငေးမောနေမိသည်။

"ဟုတ်ပါပြီ ကျွန်တော်တို့ရွှေဥမင်ဘုရားသွားရအောင်"

ထို့နောက် ဆိုင်ကယ်လေးသည် တစ်ဖန်ပြန်လည်အသက်ဝင်ချေပြီ။

ဆိုင်ကယ်ကိုအပြင်းမောင်းနှင်တဲ့အခါ မျက်နှာဆီသို့ထိတိုးတိုက်ခတ်လာတဲ့လေတွေကလည်း ကြမ်းတမ်းလှသည်။

"ညီ .... ဖြည်းဖြည်းမောင်း"

စိုင်းခွန်လက်ဖျားတွေအေးစက်ကုန်၏။

အသက်ရှုနေရဲ့လားလို့ ကိုယ့်ကိုကိုယ်ပြန်မေးရလောက်အောင်ထိပင်။

စိုင်းခွန်နားအနားသို့ နူးညံ့တဲ့လေနွေးနွေးလေး တစ်ချက်ပွတ်ရှသွားသည်။

ညီ .... ဖြည်းဖြည်းမောင်းတဲ့။

စိုင်းခွန်အနားဆီတိုးကပ်ကာပြောလိုက်တဲ့အသံလေးကြောင့် စိုင်းခွန်ရင်တွေထပ်ခုန်ရသည်။

ချစ်ရသူရဲ့စကားမို့လို့ စိုင်းခွန်အရှိန်လျှော့မောင်းလိုက်သည်။

Back mirrorထဲကနေ ကျေနပ်သွားဟန်ရှိတဲ့ဟံသာ့မျက်နှာကိုမြင်လိုက်ရသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now