အပိုင်း(၂၃)

10.1K 1.3K 8
                                    

[Unicode+Zawgyi]

ပိုးစုန်းကြူးလေးဟာ ညအမှောင်မှာ တလက်လက်။
မင်းလေးဟာလည်း ကိုယ့်အတွေးထဲဝယ် တဖျပ်ဖျပ်။

ပြန်လာမယ်ဆိုတဲ့ကောင်လေးဟာ ပြန်မလာတော့လေပါ။ သူရေပတ်ဝတ်တိုက်ပေးမယ်လို့ပြောသွားတာကြောင့် ကိုယ်တိုင်တောင်မလုပ်ဖြစ်။

အပူခံကာ အိမ်ပေါက်ဝထွက်မျှော်လိုက်၊ ပြတင်းပေါက်ကနေလှမ်းငေးလိုက်နဲ့။

နေတောင်မြင့်နေပြီ။ အစောင့်မပျက်တဲ့ဟံသာဟာ ဆန်ပြုတ်တောင်မသောက်။ သံစုံမြည်နေတဲ့ဗိုက်ကိုလျစ်လျူရှု့ကာ မြေနီလမ်းထက်က ဆံပင်ညိုပိုင်ရှင်ရဲ့ခြေလှမ်းတွေကို စောင့်နေမိ၏။

"လာမှာမဟုတ်တော့ဘူးဟံသာရေ .... စောင့်မနေပါနဲ့တော့ကွာ"

ကိုယ့်ကိုကိုယ်သတိပေးနေပေမယ့် ဦးနှောက်သွားရာ နှလုံးသားကမလိုက်။

"နွေဦးပန်းပွင့်တွေဟာ အုံ့ပုန်းချစ်ရဲ့သောကဝေဒနာလို ဖျတ်ခနဲပွင့်လာကြတယ်တဲ့ .... ကိုယ့်ရင်ခုန်သံတွေကလည်း အုံ့ပုန်းချစ်ရဲ့သောကဝေဒနာလို ဖျတ်ခနဲခုန်တော့တာပဲ .... အဲ့ဒါမင်းနဲ့တွေ့မှပါညီရယ်"

အုံ့ပုန်းချစ်လို့ ဟံသာအမည်တပ်သည်။

ဟုတ်ပါသည်။ အကယ်၍သာ စိုင်းခွန်က မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် ဖွင့်ပြောဖို့ကို ဒီလောက်တွန့်ဆုတ်မိမယ်မထင်။

ချစ်မိနေတာသေချာပြီး တစ်ဘဝလုံးလက်တွဲဖို့ရေရောနေပေမယ့် စိုင်းခွန်ကို သူဖွင့်မပြောရဲပေ။

ဖွင့်ပြောချင်တိုင်း စိုင်းခွန်လက်ကောက်ဝတ်ကဒဏ်ရာကို မြင်ယောင်မိသည်။

စိုင်းခွန်ဟာ အချစ်ကိုကိုးကွယ်တတ်သူဟု ဟံသာ ကနဦးသုံးသပ်သည်။

ဖခင်ကိုမလွန်ဆန်နိုင်တဲ့သားတစ်ယောက်အနေနဲ့ မေယူဇာ့ကိုမဖြစ်မနေစေ့စပ်ရလိမ့်မည်။

သူသာဖွင့်ပြောခဲ့လိုက်ရင်၊ စိုင်းခွန်သာလက်ခံခဲ့ရင် ....

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now