အပိုင်း(၁၅)

11.5K 1.5K 62
                                    

[Unicode+Zawgyi]

တောင်ပေါ်ကွင်းဆင်းမှုကနေပြန်လာပြီးနောက်ပိုင်း စိုင်းခွန်အမြဲလိုလိုပြုံးနေတတ်သည်။ စိတ်ချမ်းသာနေသည်လို့ပဲ ဆိုနိုင်မလား။

ကမ်းတဲ့လက်ကိုပုတ်ချသွားသူကြောင့် ပင်ပန်းခဲ့ရတဲ့နေရက်တွေ၊ ကျောခိုင်းသွားတဲ့လူရဲ့ကျောပြင်ကိုငေးရင်း တဆစ်ဆစ်နာကျင်ခဲ့ရတဲ့အချိန်တွေ၊ ရင့်သီးတဲ့စကားလုံးတွေကြား အကြိမ်ကြိမ်ပြိုလဲခဲ့ရတဲ့လနှစ်တွေဟာ တစ်ညတည်းနဲ့ အကုန်လုံးလွင့်ပါးသွားသလို။

မျက်လုံးတွေထဲမှာ ကြင်နာရိပ်တွေမြင်ရသည်။ နှုတ်ခမ်းဖျားကစကားလှလှတွေဟာ စေတနာတွေနဲ့ ထုံမွှမ်းထားမှန်း ရင်ထဲကခံစားမိသည်။

စိုင်းခွန် စာကြည့်စားပွဲပေါ်မှာမေးထောက်နေရင်း အလိုလိုပြုံးလာမိပြန်သည်။

ပဝါလေးကိုကိုင်ထားရင်း စိတ်ထဲအလိုလိုကြည်နူးနေမိသလိုလိုပင်။

'ညီ'

စိုင်းခွန်နားထဲထပ်တလဲလဲနဲ့ ကြိမ်ဖန်များစွာ ပူနွေးစီးဝင်သောအသံ။

စတွေ့ကတည်းက ကောင်းသောတွေ့ဆုံခြင်းမဟုတ်ခဲ့တာကြောင့် ဟံသာ့အပေါ်မှာရှိနေတဲ့ စိုင်းခွန်စိတ်ထဲက အဖုအထစ်တွေဟာ အခုတော့ ပြားချပ်ချပ်၊ ပါးလျပ်လျပ်ဖြစ်သွားခဲ့ပြီ။

🌸🌸

ပင်းတယဆေးရုံ

ဂျူတီကုတ်အဖြူလေးနဲ့ ဆေးရုံဝင်းထဲအပြေးအလွှားလှုပ်ရှားနေသူက ဟံသာ။

တွေ့သမျှလူတိုင်းကိုပြုံးပြနှုတ်ဆက်ရင်း တစ်ဆောင်နဲ့ တစ်ဆောင် အပြေးအလွှားကူးနေ၏။

"ဆရာဟံသာ"

"ဪ ယဉ်ယဉ်"

"အမေကညနေကျအိမ်ဘက်လှည့်ခဲ့ပါဦးတဲ့ .... အိမ်မှာမုန့်လုပ်စားမလို့"

"ဟုတ်ကဲ့ဗျ .... ကျွန်တော်လာခဲ့ပါ့မယ်"

နန်းယဉ်ဟွမ်ထွက်သွားတော့ ဟံသာခဏမျှရပ်နေသေးသည်။ တွေးမိတာက တောင်ပေါ်ကပြန်လာပြီးနောက်ပိုင်း စိုင်းခွန်နဲ့မတွေ့ရသေး။ ဒီနေ့တော့တွေ့ရတော့မည်။

ကျေနပ်ဖွယ်ပြုံးလိုက်ရင်း ဂျူတီကုတ်အိပ်ကပ်ထဲလက်ထည့်ကာ ခပ်တည်တည်လမ်းလျှောက်သွားသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now