အပိုင်း(၃၀)

10K 1.2K 29
                                    

[Unicode+Zawgyi]

မျက်နှာပျက်နေကြတဲ့မေယူဇာတို့မိသားစု အိမ်ပြင်ထွက်လာကြသည်။ အဖေ့ရဲ့ရှင်းပြနေပုံတွေကိုတော့ အဝေးကနေမို့လို့မကြားရပေမယ့် မြင်နေရသည်။ အမေကတော့ အနောက်မှာတစ်ခွန်းမှဝင်မပြောဘဲ တည်တည်ရပ်နေ၏။

ထို့နောက် ကားထွက်သွားပြီ။ မီးဟုန်းဟုန်းတောက်နေတဲ့အဖေ့ရဲ့မျက်လုံးတွေကို ဟံသာမြင်လိုက်ရသည်။

အသက်ပြင်းပြင်းရှုကာ အားတင်းပြီး အိမ်ထဲဝင်ဖို့ ဟံသာကြိုးစားနေသည်။

"ရင်ဆိုင်လိုက်ရအောင် ဘာမဆိုပေါ့ .... ခွန့်အတွက် fightingဟံသာမြဲခိုင်"

ကိုယ့်ကိုကိုယ်အားပေးရင်း အိမ်ထဲဝင်သွားသည်။

ဧည့်ခန်းထဲမှာခါးထောက်လျက်ရပ်နေတဲ့အဖေက ဟံသာ့ကိုလည်းတွေ့ရော ပြေးထိုးသည်။

'ခွပ်'

"သားမိုက်"

"ယောက်ျား ရှင် ...."

"သားမိုက်"

အဖေကဟံသာ့မျက်လုံးထဲကိုတည့်တည့်ကြည့်ပြီးပြောသည်။

ဟံသာကတော့ မျက်နှာတစ်ချက်မညှိုး။

နှုတ်ခမ်းစွန်းကစီးကျနေတဲ့သွေးစကိုတောင်မသုတ်။

"မိဘမျက်နှာအိုးမဲသုတ်ရတဲ့အရသာ ဘယ်နှယ့်လဲ!!"

"အဖေမကျေနပ်ရင်ဆက်ထိုးပါ ကျွန်တော်အထိုးခံပါ့မယ်"

'ခွပ်'

ဒေါသတောက်လောင်နေတာကြောင့် အားလည်းများလွန်း၏။ နဂိုကတည်းကမှ ပိန်ကာယိုင်နဲ့နဲ့ဟံသာက ပါကေးပေါ်ပုံကျသွားသည်။

"သား"

အမေကတော့ သွားထူသည်။

"မင်းကိုငါသတ်မှာ! ငါသတ်မှာ!"

"ယောက်ျား တော်တော့"

"မင်းကမင်းသားကိုကာကွယ်ပေးချင်နေတာလား .... ဟမ်!! ခုနကမေယူဇာတို့ပြောသွားတာကြားတယ်မလား! မင်းနားမကန်းသေးရင်ကြားမှာပါ ငါတို့ကိုသူများတံတွေးခွက်ထဲပက်လက်မြောအောင်ကြံတဲ့ကောင်!"

"သားနဲ့စကားအရင်ပြောကြည့်ဖို့ကြိုးစားခဲ့သင့်တာ .... ရှင်ကအရာရာရှင့်သဘောချည်းပဲ"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now