အပိုင်း(၄၁)

7.2K 966 55
                                    

[Unicode+Zawgyi]

လွမ်း .... ရင်ထဲလှိုက်လို့သိပ်ကိုလွမ်း .... လွမ်း .... ရင်ထဲရှိတဲ့ဒီဇာတ်လမ်း .... နွေရာသီရွက်ကြွေ မြေပေါ်ပြေးလွှားလို့လွင့်နေချိန်မှာ .... သူ့တစ်ယောက်ကိုသတိတရနဲ့ .... တမ်းတလို့လွမ်းမိတယ်ကွယ် ....

မြောက်ပြန်လေဆုတ်ခွာချိန်မှာတော့ ဆောင်းမင်းသမီးလေးသည် သူခိုပါးရာ နှင်းဌာနေဆီသို့ ပြန်လေပြီ။ ဆောင်းသမီးလေးထွက်သွားတာနှင့်တပြိုင်နက် နွေနတ်သားကတော့ ရွက်ကြွေတွေအလုံးအရင်းနဲ့ ကမ္ဘာမြေဆီ သက်ဆင်းလာ၏။

တပေါင်းလ။ မတ်လ။

မြေနီလမ်းကဖုန်တွေတသောသောလွင့်နေတာကို မှုန်တေစွာထိုင်ကြည့်နေသူ။ အဝါရင့်ရင့်သစ်ရွက်တွေ မြေမှာလျှောတိုက်၍ တဂျောဂျောအသံထွက်တာကို ခပ်ဆွေးဆွေးနဲ့နားထောင်နေသူ။ ထိုသူကစိုင်းခွန်။

တောင်တန်းတွေကြားထဲမှာမေးတင်နေတဲ့နေလုံးကြီးက ပြူးခံလျက်။ မြူဝေဝေတွေမရှိတော့တဲ့အတွက် ဝန်းကျင်ကြီးကရှင်းလင်းပီသ။

"ကိုကိုးရေ .... လွမ်းတယ်"

ထိုင်နေကျဝရန်တာလေးထဲမှာ ဒူးပေါ်မေးတင်ပြီး ထိုင်နေတဲ့စိုင်းခွန်ကတော့ ဟံသာ့ကိုလွမ်းနေသည်။

မက်ဆေ့ခ်ျပို့တာကလွဲပြီး မကြာမကြာဖုန်းပြောတာ၊ video callခေါ်တာတွေသိပ်မလုပ်ဖြစ်ကြတော့။

စိုင်းခွန်ဘက်ကလိုလိုလားလားရှ်ိပေမယ့် ဟံသာကတော့အလုပ်တွေရှုပ်နေသည်။ အမြဲတမ်း အလုပ်ပုံထဲနစ်နေတတ်တာမို့လို့ စိုင်းခွန်ကိုလွမ်းပေမယ့် အချိန်မပေးမိ။

ဒါတွေကို အလိုက်တသိနားလည်တဲ့စိုင်းခွန်က အနှောင့်အယှက်မပေးတဲ့အနေနဲ့ ဖုန်းမခေါ်ခဲ့တာ။

သူတို့နှစ်ဦးက ဝေးနေချိန်တိုင်း အဆက်အသွယ်ကပြတ်ပြတ်သွားတတ်တာ နိယာမတစ်ခုလိုဖြစ်နေပြီ။ ဒီလို၂၁ရာစု အင်တာနက်ခေတ်ကြီးထဲမှာ လေလှိုင်းလေးထဲကနေတောင် သံယောဇဉ်ကြိုးတွေမချည်နှောင်မိကြ။

"ကိုကိုးဆီကနေဖုန်းခေါ်တာကို ကျွန်တော်ဇွဲရှိရှိနဲ့စောင့်နေတာ .... ဟူး ကိုကိုးအလုပ်တွေရှုပ်နေတယ်ထင်တယ်"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now