အပိုင်း(၄၀)

7.6K 982 49
                                    

[Unicode+Zawgyi]

"ကြင်နာစွာဖေးမပေးမယ့်ချစ်သူ ××× အခုတော့ဘယ်မှာလဲ ××× အဆိပ်သင့်စေတဲ့အပြုံးတွေရင်ထဲစွဲ ..... ရင်ခုန်စရာပေးခဲ့ဖူးတဲ့အနမ်းတွေ ××× တမ်းတကျန်ရစ်ခဲ့ ××× တိတ်ဆိတ်ကြေကွဲရင်းလေ တစ်ယောက်တည်းဆွေး ...."

မီးရောင်ဝါအောက်မှာ ဂစ်တာလေးပိုက်လျက် ထူးအိမ်သင်ရဲ့"ဟောင်းနွမ်းခဲ့သောနေ့ရက်လေးများ" သီချင်းကို သံစဉ်မပါဘဲ ကာရန်မဲ့စွာ တီးတိုးဆိုမိသောဟံသာ။

ညသန်းခေါင်ယံအချိန်တစ်ခု။ ပကတိတိတ်ဆိတ်ငြိမ်သက်နေတဲ့ဝန်းကျင်မှောင်။

တစ်ယောက်တည်းထိုင်လျက် အတွေးတွေကဟိုရောက်ဒီရောက်။ အဖော်မဲ့အထီးကျန်တယ်ထင်ရပေမယ့် ကောင်းကင်ကြီးမှာတော့ ထိန်တောက်နေတဲ့လမင်းကြီးတော့ရှိသေးသည်။

မအိပ်သေးတဲ့တိုက်တစ်ချို့ကနေ မီးရောင်တဖျက်ဖျက်တော့မြင်နေရသေးသည်။ တစ်ခါတစ်ရံ City Lockအထပ်မြင့်တွေဘက်ကနေ မီးရောင်စူးစူးကိုမြင်ရ၏။

"ခွန်ဘာတွေလုပ်နေမလဲ .... အိပ်နေလောက်မှာ"

ရန်ကုန်ရောက်တာ တစ်လပြည့်ခဲ့ပြီ။ အဖေနဲ့အဆင်မပြေသေး။

ဟံသာ ရန်ကုန်ရောက်ပြီးမကြာခင်မှာပဲ လုပ်ငန်းရှင်အစည်းအဝေးဆိုပြီး အဖေက ဖိလစ်ပိုင်ကိုထွက်သွားခဲ့တာ အခုချိန်ထိပြန်မလာသေး။

လက်ရှိအခြေအနေမှာ ဟံသာကအလုပ်လက်မဲ့ဖြစ်နေချေပြီ။ အဖေကအမွေပြတ်စွန့်လွှတ်ထားပေမယ့် အမေကတော့ သားအနေနဲ့လက်ခံထားတုန်းမို့လို့ ဟံသာ့အတွက် အားကိုးစရာတစ်ခုတော့ရှိလာခဲ့သည်။

ဟံသာ့အဖေနဲ့ အမေက မိသားစုပိုင်အမွေအပြင် ကိုယ်ပိုင်အမွေတွေပါရှိသေးတာမို့လို့ အဖေကစွန့်လွှတ်လိုက်ရုံနဲ့ အမေကပါ လုပ်ပိုင်ခွင့်အာဏာမရှိတော့တာမဟုတ်။

အတိုချုံးပြောရမယ်ဆိုရင် ဟံသာသည် အင်မတန်ချမ်းသာကြွယ်ဝတဲ့မိသားစုကနေပေါက်ဖွားလာတဲ့ သူဌေးသား။

Ring Ring

ညအချိန်မတော် ဖုန်းသံမြည်လာသည်။

"ဖြိုးမောက်"

("မင်းအဖေမနက်ဖြန်ပြန်ရောက်မယ်တဲ့")

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now