အပိုင်း(၁၀)

12.2K 1.6K 37
                                    

[Unicode+Zawgyi]

ညနက်သည်ထိ လူနာတွေအတွက် အချိန်ပြည့်ပြေးလွှားလှုပ်ရှားနေရတဲ့သူတွေထဲတွင် ဟံသာလည်းပါသည်။

ဒဏ်ရာပြင်းလို့ ရုန်းရင်းဆန်ခတ်ဖြစ်တဲ့သူတွေကို သေချာထိန်းပြီး ကုသရသေး၏။

ဒီနေ့တစ်ညလုံးတော့ ဘယ်သူမှမနားရလေပါ။

အလုပ်တွေရှုပ်နေတဲ့ကြားထဲမှာမှ စိုင်းခွန်ရှိတဲ့ကုသဆောင်ဆီ ပြေးပြေးသွားကြည့်ရသေးတဲ့ဟံသာဟာ ဆရာဝန်တစ်ယောက်အနေနဲ့ လူနာကိုစိတ်ပူတဲ့ သရုပ်သကန်များပေလား။

မနက်ဝေလီဝေလင်းအချိန်ရောက်တော့ ဟံသာအမှန်တကယ်အနားရလေပြီ။

အိမ်မပြန်ခင် စိုင်းခွန်ဆီသွားတော့ ဒေါ်ကြာမှိုက ဘေးတစ်စောင်းနဲ့ လက်မောင်းခေါင်းအုံးအိပ်နေသည်။

"ဒွေးလေး"

"......"

"ဒွေးလေး"

"ဟေ .... ဪ မောင်ဟံသာ"

"ဒွေးလေးပင်ပန်းနေပုံရတယ် အိမ်ပဲဖြစ်ဖြစ်ပြန်မလား"

"သားကသတိမှမရသေးတာကွယ်"

"ကျွန်တော်ရှိပါတယ် .... ပြီးတော့ ယဉ်ယဉ်လည်းရှိတယ်လေ ဒီလိုနဲ့ ဒွေးလေးလဲသွားမှာစိုးလို့ပါ"

"ရပါတယ်ကွယ် အုပ်လေးသတိရတာမြင်ရမှ ......"

စိုင်းခွန်ကိုကြည့်ရင်းပြောနေတဲ့ဒေါ်ကြာမှိုရဲ့ မျက်လုံးအိမ်တွေထဲမှာ အရည်ကြည်အချို့လဲ့သွားတာကို ဟံသာမြင်လိုက်ရသည်။

"အမေ"

နန်းယဉ်ဟွမ်အသံ။

နှစ်ယောက်သားလှည့်ကြည့်လိုက်တော့

"အမေညကတည်းကဘာမှသိပ်စားထားတာမဟုတ်ဘူး .... မုန့်ပဲဖြစ်ဖြစ်သွားစားရအောင်"

"အုပ်လေးကိုတစ်ယောက်တည်းဘယ်လိုထားခဲ့မလဲ"

သားအမိနှစ်ယောက်ပြောစကားအရ စိုင်းခွန်ကိုစိတ်ပူနေကြရင် ဒေါ်ကြာမှိုလဲကျတော့မယ်ဆိုတာ ဟံသာသိသည်။

"ကျွန်တော်စောင့်နေပေးပါ့မယ် .... ယဉ်ယဉ်နဲ့ဒွေးလေးတို့သွားစားကြပါ"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now