အပိုင်း(၁၆)

10.9K 1.5K 58
                                    

[Unicode+Zawgyi]

ကျယ်ပြောလှတဲ့ကောင်းကင်ပြာကြီးမှာ တိမ်ဖြူတွေတစ်စတစ်စလွင့်နေတိုင်း၊ တသွင်သွင်စီးဆင်းနေတဲ့စမ်းချောင်းရေကြည်လေးထဲမှာ ပန်းပွင့်ကြွေတွေတသုန်သုန်မြောနေတိုင်း၊ အေးမြတဲ့လေပြည်‌လေးတွေတိုက်ခတ်လိုက်တိုင်း၊ ယိမ်းနွဲ့နေတဲ့သစ်ပင်ကြီးတွေကနေ စိမ်းတစ်ဝက် ဝါတစ်ဝက်သစ်ရွက်လေးတွေမြေခတိုင်း .....

သဘာဝတရားကြီးရဲ့အရိပ်အောက်မှာနေရတဲ့လူသားတွေရဲ့နုနယ်တဲ့နှလုံးသားလေးဟာ တစ်စုံတစ်ယောက်အတွက်တော့ လှပခြင်းပြင်းထန်သောတုန်ခါမှုရှိကိုရှိခဲ့မည် ....

ရှိနေမည် ....

ရှိကြဦးမည် .....

တစ်ယောက်တည်းအတွက် .....

မန်တိမ်ရွာ

စိုင်းခွန်တို့အိမ်ဆီ မနက်စောစောစီးစီး ဟံသာရောက်နေပြန်ပါပြီ။

"မောင်ဟံသာ အိမ်ထဲဝင်ခဲ့လေ"

ဒေါ်ကြာမှိုရဲ့အသံနောက်တွင် အအိပ်ကြီးတဲ့စိုင်းခွန်လေး ကောက်ခါငင်ခါနိုးထလာပါသည်။

ကုတင်ပေါ်မှာငုတ်တုပ်ထိုင်နေရင်း

"အစ်ကိုရောက်နေတာလား"

တစ်ကိုယ်စာကြားရုံရေရွတ်ပြီးနောက်မှာ ခုန်ပေါက်ပြီး အောက်ထပ်ပြေးဆင်းသည်။

မြူးရိပ်လေးတွေသန်းနေတဲ့မျက်နှာလှလှလေးကို ဘယ်နည်းနဲ့မှ ဖုံးကွယ်ထား၍မရ။

စိုင်းခွန်အောက်ထပ်ရောက်တော့ ဒေါ်ကြာမှိုနဲ့ ဟံသာစကားပြောနေကြသည်။

"ဟယ် အုပ်လေး .... အစောကြီးနိုးနေတယ်"

မိခင်ဖြစ်သူရဲ့အံ့ဩကြီးမှုနဲ့အတူ စိုင်းခွန်ရဲ့ဆူပုတ်သွားတဲ့မျက်နှာလေးက တစ်ထပ်တည်းကပ်ပါလာသည်။

ပြီးမှ ဟံသာ့ဘက်ကိုလှည့်ကြည့်ပြီး

"အစ်ကို .... Morning"

"Morning ညီ"

ဟံသာ့ကိုဖော်ရွေစွာနှုတ်ဆက်လိုက်တဲ့စိုင်းခွန်က ရယ်ပြုံးနေတာမရပ်သေး။

"မျက်နှာသွားသစ် ရေသွားချိုးလေ"

ဒေါ်ကြာမှိုကပြောနေပေမယ့် စိုင်းခွန်ကသွားချင်ပုံမပေါ်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now