အပိုင်း(၂၅)

10.3K 1.3K 53
                                    

ဆွေးစရာတွေဖြစ်လာမှ ချစ်လာတတ်ခဲ့ပြီး ပစ်ခွာမပယ်နိုင်လို့ တစ်ခဏတော့ငေးကြည့်ပါရစေ ....

"ငါသူ့ကိုဖွင့်ပြောလိုက်ချင်တယ်"

"ဘာ! ဖွင့်ပြောမယ် ဟုတ်လား"

"အင်း ဖွင့်ပြောလိုက်တော့မယ်"

"ဟံသာ .... မရူးနှမ်းစမ်းနဲ့ကွာ"

"ဖြိုးမောက်! မင်းငါ့ကိုအဲ့လောက်ပဲအထင်သေးသလား ... ငါယောက်ျားတစ်ယောက်ကိုချစ်လို့မရဘူးလား"

ဟံသာကအော်လိုက်တော့ ဖြိုးမောက်ကပျာပျာသလဲ

"အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူးကွာ .... ငါမင်းကိုသေချာစဉ်းစားစေချင်တာပါ"

"ငါစဉ်းစားပြီးပြီ .... သူ့ကိုချစ်နေတာသေချာတဲ့အချိန်ကတည်းက ဖန်တစ်ရာတေအောင်စဉ်းစားထားတာ"

"ဟံသာ .... မင်းဖန်တစ်ရာတေအောင်စဉ်းစားလိုက်တဲ့ရလဒ်က ဖွင့်ပြောဖို့တဲ့လား .... မေယူဇာနဲ့ကရော မင်းဘယ်လိုလုပ်မှာလဲ"

"မစေ့စပ်ဘူး .... ပြီးတော့ ရန်ကုန်ကိုငါပြန်မလိုက်ဘူး .... ညီကိုဖွင့်ပြောလိုက်မယ် ပြီးတော့ ငါညီနဲ့ပဲနေမယ်"

ဖြိုးမောက်ကစုတ်သတ်သည်။ သူ့သူငယ်ချင်းရဲ့မိုက်ရူးရဲဆန်ချင်စိတ်ကို တားချင်သည်။

မဖြစ်နိုင်ဘူးဆိုတာကိုလည်း သိစေချင်သည်။

"မဖြစ်နိုင်ဘူး .... မင်း မင်းအဖေရဲ့ဆန္ဒကိုလျစ်လျူရှု့ပြီး အဲ့ကောင်လေးကို မင်းချစ်လို့မရဘူး"

"ငါမမလိုမဖြစ်ချင်ဘူး .... ငါချစ်ရတဲ့သူကိုဖွင့်ပြောမယ် ပြီးရင် လက်ထပ်မယ်"

ဖြိုးမောက်ကခေါင်းခါသည်။

"လက်ထပ်မယ် .... မင်းကွာ ဘယ်အထိသွားဖို့စိတ်ကူးလဲ .... ဟမ် မင်းသိလား မင်းနဲ့အဲ့ကောင်လေးချစ်သွားရင် မင်းအဖေကဒီတိုင်းကြည့်နေမှာတဲ့လား"

ဟံသာ အနည်းငယ်တော့တုန်လှုပ်သွားသည်။

ဒီတိုင်းကြည့်နေမှာတဲ့လားတဲ့။

မမဟေသာတုန်းကလည်း ဒီတိုင်းကြည့်မနေခဲ့လို့ မမဟေသာအသက်ဆုံးတဲ့အထိဖြစ်ခဲ့တာ။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now