အပိုင်း(၂)

19.9K 2K 24
                                    

[Unicode+Zawgyi]

ခိုပြာရောင်သန်းနေတဲ့ပတ်ဝန်းကျင်ဟာ မြူတွေဝေ့ဝဲနေ၏။ မြူတွေကြားထဲမှာမှ တစ်ချက်တစ်ချက်စူးထွက်လာတဲ့နေရောင်ဟာ ထိန်တောက်၍နေသည်။

အဝေးဆီသို့လှမ်းမြော်ကြည့်လိုက်ပါက ခပ်ပျပျမြင်နေရတဲ့တောင်တန်းတွေဟာ နိမ့်တစ်ခါ၊ မြင့်တစ်လှည့်နှင့် လွမ်းစရာကောင်းလောက်အောင်လှတတ်သည်။

မနက်ခင်းလေနုလေးက ခပ်ညင်းညင်းတိုက်ခတ်လိုက်တော့ မြေခကြွေကျနေတဲ့သစ်ရွက်တစ်ချို့ လွင့်ပါထွက်ပြေးသွားရသည်။

ပြန့်ပြူးနေတဲ့မြေပြင်ဟုထင်ရသော်လည်း ထိုနေရာသည် မြစ်ဝှမ်း၌မှီတည်ဖြစ်ပေါ်နေသော တောင်ပေါ်မြို့လေးတစ်မြို့။

ပင်းတယမြို့။

ပေ၃၀၀၀ကျော်မြင့်တဲ့ကုန်းမြင့်ဒေသကြီးရဲ့အရှေ့ဘက်၊ ပေ၅၀၀၀ကျော်မြင့်တဲ့တောင်တန်းအသွယ်သွယ်ရဲ့ခြေရင်းဘက်မှာ လှပသောရှု့ခင်းတွေနဲ့ ပင်းတယဟုခေါ်သောတောင်ပေါ်မြို့လေးဟာ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့လေးတစ်မြို့ပါ။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဤဒေသပင်းတယရဲ့ အနီးကပ်ဆုံးရွာလေးကတော့ "မန်တိမ်ရွာ" ။

စိုက်ခင်းစိမ်းစိမ်းတွေ ဝိုင်းခြုံခြံရံထားတဲ့ မန်တိမ်ရွာလေးဟာ ရှမ်း-ဓနု လူမျိုးတွေအများဆုံးနေထိုင်ကြတဲ့ရွာလေး။

မြေနီလမ်းလေးတွေနဲ့ ပျဉ်တောင်အိမ်လေးတွေ၊ သစ်ပင်အိုကြီးတွေနဲ့ ရေတွင်းဟောင်းလေးတွေ။

သဘာဝဆန်ဆန်လှပနေတဲ့ရွာလေး။

မန်တိမ်ရွာ။

"အားလုံး ကြားကြားသမျှ ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် သာဓု သာဓု သာဓု"

အမျှဝေသံတညံညံကြားလိုက်ရတာကတော့ မန်တိမ်ရွာအနောက်ဘက်စွန်းအိမ်က ဒေါ်ကြာမှိုရဲ့အသံပါ။

ဒူဝေဝေဆိုတဲ့ ကြေးစည်သံအဆုံး ဖျာပေါ်ကကုန်းထကာ ပုခုံးပေါ်ကပဝါလေးကိုခေါက်ရင်း

"သားရေ .... အုပ်လေး ထတော့လေကွယ်"

ပျဉ်တစ်ချက်သာခြားတဲ့နေရာကနေ ဒေါ်ကြာမှိုခေါ်နှိုးလိုက်သည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now