Special Ep(၂)

6.4K 462 50
                                    

[Unicode+Zawgyi]

ကိုယ့်ဘဝက မင်းနဲ့မှစိုပြည်လာခဲ့ရတာမို့လို့ မင်းထက်ပိုပြီးချစ်ရမယ့်သူ ဒီကမ္ဘာမှာရှိလာလိမ့်မှာမဟုတ်ဘူး ....

မင်းဆိုတာ ကိုယ့်ကိုကိုယ်ထက်ပိုချစ်ရတဲ့သူမို့လို့ မင်းနဲ့အခြားတစ်ယောက်ယှဉ်ရွေးခိုင်းခဲ့ရင် ကိုယ်ကတော့  မင်းမှမင်းပဲ ....

"သားတို့ပြန်စဉ်းစားသင့်တယ်"

"ဟုတ်တာပ .... အမေတို့နှစ်ယောက်ပြန်တိုင်ပင်ပြီးတော့ သမီးလေးမွေးဖို့ဆုံးဖြတ်တာဟာ မသင့်လျော်ဘူးထင်တာပ"

ဟံသာ့အမေနဲ့ ဒေါ်ကြာမှိုနှစ်ယောက် ဟံသာနဲ့ စိုင်းခွန်ကို နောက်တစ်ကြိမ်ခေါ်တွေ့ပြီး ပြောနေခြင်းဖြစ်သည်။

"သမီးလေးကဘာဖြစ်လို့လဲအမေရဲ့"

စိုင်းခွန်က ရင်ထဲလှိုက်သွားတယ်ထင်သည်။ အသံမကောင်းစွာမေးသည်။

"ရော် .... ကိုယ်တိုင်မွေးတာမဟုတ်တာပ .... သမီးလေးထက် သားလေးကိုမွေးစားတာပိုကောင်းပါတယ်"

ဒေါ်ကြာမှိုက အဖြေရယ်လို့ သေသေချာချာမပြောဘဲ အပေါ်ယံလျှပ်ပြီးသာပြောလိုက်သည်။

စိုင်းခွန်မျက်နှာလေးညှိုးရော်သွားတာကြောင့် ဟံသာကစိုင်းခွန်လက်ကလေးကိုဆုပ်ကိုင်ကာ အားပေးသည့်သဘောဖြင့် ဖျစ်ညှစ်လိုက်၏။

"အမေပြောမယ်သားတို့ .... မွေးစားမယ့်ကိစ္စကိုတောင် သေချာတွေးစေချင်တာ သားတို့ဆုံးဖြတ်ပြီးသားမို့လို့၊ တိုင်ပင်ကြပြီးသားမို့လို့ အမေတို့လည်းလက်ခံလိုက်ရတာ .... သားတို့ကတကယ့်အဖေရင်းတွေမဟုတ်ကြပါဘဲလျက် သမီးမိန်းကလေးကိုမွေးစားဖို့ဆိုတာ သိပ်ကိုရဲလွန်းတယ် .... သမီးမိန်းကလေးဆိုတာ ထိန်းရကျောင်းရသိပ်ခက်တယ် လမ်းညွှန်ပြသမှုတွေ၊ တီးတိုးတိုင်ပင်မှုတွေက လိုကိုလိုအပ်တယ် .... သားတို့ကယောက်ျားလေးနှစ်ယောက်လေ နောင်တစ်ချိန် ပတ်ဝန်းကျင်မှာ သမီးလေးအပြစ်ပြောစရာဖြစ်သွားမှာ အဲ့တာကိုအမေသိပ်စိုးရိမ်တယ်"

ဟံသာ့အမေက ဤသို့စည်းရုံးသည်။

"ယောက်ျားလေးမွေးစားလိုက်တာက သင့်တင့်တယ်လို့အမေမြင်တယ် .... သားတို့ချည်းသုံးယောက်ဆို ဘယ်သူကဘာထင်တော့မလဲ၊ ဘာပြောတော့မလဲ .... အေးအေးဆေးဆေးပဲသားတို့"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now