အပိုင်း(၁၂)

11.2K 1.5K 37
                                    

[Unicode+Zawgyi]

ပင်းတယမြို့ရဲ့ရာသီဥတုဟာ ဇွန်လကုန်ခါနီးမို့ မိုးတွေအများကြီးရွာတဲ့ဥတုမျိုးဖြစ်နေပြီ။

မိုးဆိုသည်မှာလည်း တစိမ့်စိမ့်စွေ၍ရွာသည်။

မိုးစက်လေးတွေက တစ်ပေါက်ပြီးတစ်ပေါက် မြေပြင်ပေါ်သို့သွန်ကျတိုင်း ရေအိုင်သေးလေးတွေဖြစ်လာသည်။ မြေနီနီဟာ မိုးရဲ့အစိုဓာတ်ကြောင့် အေးမြနေသည်။

တစ်ခါတစ်ခါ စိုစွတ်လွန်းသည်ကြောင့် ထိုင်းမှိုင်းသောဥတုသဘောဆောင်တတ်၏။

"အုပ်အုပ် ငါ့ကိုလာကူဦး"

"ဒီမှာမအားဘူးလေဗျာ"

"ဘာကိုမအားတာလဲ .... ငါဒီမှာအရေးကြီးနေလို့"

"ကျွန်တော်လည်းအရေးကြီးတယ်"

မနက်ခင်းမှာ ကျေးငှက်တွေသာ တကျီကျီတကျာကျာအော်မြည်တတ်သည်မဟုတ်။

ရွာအစွန်အိမ်က စိုင်းခွန်တို့မောင်နှမအသံကလည်း မိုးလင်းတာနဲ့ တကျီကျီဖြစ်လာသည်။

တောင်ပေါ်ကရွာတွေထံဆေးကုသွားရမှာကြောင့် နန်းယဉ်ဟွမ်တစ်ယောက် ပစ္စည်းတွေထည့်သို့နေတာနှင့် အလုပ်များနေသည်။

စိုင်းခွန်ကတော့ စာရွက်တစ်ရွက်ကိုင်လျက် အိမ်ရှေ့မှာခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေ၏။

"အုပ်အုပ် .... ငါမျက်စိနောက်လာပြီနော် နင်ထိုင်နေလို့မရဘူးလား"

"မရဘူးဗျာ"

ဘောက်ဆတ်ဆတ်နဲ့ဖြေတော့ နန်းယဉ်ဟွမ်ဘာမှဆက်မပြောတော့။

ဒီနေ့ စိုင်းခွန်တို့ကုမ္ပဏီမှာ အရေးကြီးအစည်းအဝေးရှိသည်။ ဒီအစည်းအဝေးမှာ စိုင်းခွန်က တာဝန်ခံတစ်ယောက်အနေနဲ့ စာရင်းချုပ်ကိုတင်ပြရမည်။

တစ်စုံတစ်ယောက်လည်း ထိုအစည်းအဝေးမှာပါမှာကြောင့် အထစ်ထစ်အငေါ့ငေါ့ဖြစ်နေ၍မဖြစ်။

စိုင်းခွန် ကြိုတင်လေ့ကျင့်ရင်း စိတ်မောနေရသည်။

လေတဝှီးဝှီးတိုက်ခတ်သည့်အထဲ စိုင်းခွန်ရဲ့ဆံပင်ညိုတွေ ယိမ်းနွဲ့နေသည်။ ယောက်ျားလေးတစ်ယောက်ရဲ့ဆံပင်ဖြစ်လင့်ကစား အိစင်းနေသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now