အပိုင်း(၃၁)

9.3K 1.2K 67
                                    

[Unicode+Zawgyi]

ရေပြင်ကြီးက သောင်ကမ်းဆီသို့ လှိုင်းပုတ်ကာထိတွေ့ ....

ကျောက်ဆူးကြီးက ပင်လယ်ထဲသို့ နစ်မြှုပ်ကာထိတွေ့ ....

အလွမ်းတွေက အတွေးဂယက်သို့ စီးဝင်ကာထိတွေ့ ....

"ကိုကိုး ကိုကိုး ကိုကိုး"

မနက်စောစောစီးစီး မျက်နှာမသစ်၊ သွားမတိုက်ဘဲ ကိုကိုးတနေသောသူ။

ဖုန်းကိုကိုင်ကြည့်တော့ no message no missed call

စိုင်းခွန်မျက်နှာလေးအိုသွားပြန်သည်။ မနေ့ကတည်းကဖုန်းမဆက်တာ အခုဆိုရင်၂၄နာရီတောင်ပြည့်ပြီပေါ့။

"ကိုကိုးအဆင်ပြေရဲ့လား .... တစ်ခုခုများဖြစ်နေတာလား"

စိတ်ပူပေမယ့် လက်ရှိအခြေအနေကဘာမှလုပ်လို့မရတာပင်။ ဒါ့ကြောင့် မထူးတော့ဘူးဆိုပြီး စိုင်းခွန်ဘက်က ဖုန်းအရင်စဆက်ဖို့ပြင်လိုက်သည်။

"မကိုင်ဘူး"

ပထမအကြိမ်မကိုင်ခဲ့။ ဒုတိယအကြိမ် တတိယအကြိမ် စတုတ္ထအကြိမ်။

"ကိုကိုးဘာလို့ဖုန်းမကိုင်တာလဲ .... ကိုကိုးတစ်ခုခုများဖြစ်နေလို့လား"

လေးကြိမ်တိတိဖုန်းခေါ်ဆိုမှုကို ဖြေကြားခြင်းမခံရပြီးနောက်မှာတော့ စိုင်းခွန်တစ်ယောက် စိတ်ညစ်ညူးစွာထလာခဲ့၏။

အခန်းပြတင်းပေါက်မှာနားမှာရပ်နေကာ အနောက်ဘက်ကတောင်တန်းတွေကိုကြည့်နေရင်း

'ရန်ကုန်မှာမစေ့စပ်ဘဲ နင့်ဆီပြန်လာမယ်လို့ ယုံကြည်နေတာလား'

အစ်မဖြစ်သူရဲ့စကား။

ဆန်းဆန်းပြားပြားတွေတွေးပြီး အထိတ်တလန့်ဖြစ်နေသူလေးစိုင်းခွန်က

"မဟုတ်တာကွာ ကိုကိုးကပြောထားသားပဲ စေ့စပ်ပွဲပျက်သွားပြီလို့ရယ် ကိုကိုးအမေကလည်းသိထားတယ်ဆိုတဲ့အကြောင်းရယ်"

ကိုယ့်ကိုကိုယ်အားပေးကာပြုံးလိုက်ရင်း

"ကိုကိုးကိုယုံတယ်"

စကားတစ်ခွန်းမျှသာဆိုပြီးနောက်မှာတော့ အိမ်အောက်ထပ်ကိုပြေးဆင်းသွားခဲ့လေသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now