အပိုင်း(၄၂)

7.2K 969 27
                                    

[Unicode+Zawgyi]

အသံကုန်ဟစ်လို့အလွမ်းတွေသာပြေနိုင်မယ်ဆိုရင်လေ .... ဒီတစ်ခေါက်နွေတော့ ကျွန်တော်ဥဩလေးတစ်ကောင်သာဖြစ်ချင်ပါရဲ့ ....

"အုပ်အုပ် .... သွားမယ်လေ ဘာလုပ်နေတာလဲ"

"မလိုက်ဘူး"

"ဟယ် ဘာလို့လဲ .... နှစ်တိုင်းလည်းသွားနေကြကိုး သွား .... အဝတ်အစားသွားလဲ"

"ကျွန်တော်မလိုက်ချင်ပါဘူးဆိုဗျာ"

ဆူအောင့်ကာဖြေပြီးနောက် စိုင်းခွန်သူ့အခန်းထဲဝင်သွားသည်။

နန်းယဉ်ဟွမ်ကတော့ သူ့မောင်လုပ်ရပ်ကိုနားမလည်နိုင်ဘဲရှိလေသည်။

ခဏကြာတော့ အခန်းတံခါးကိုတဒုန်းဒုန်းလာထုပြီး သွားတော့မယ်ဖြစ်ကြောင်းလာပြောသည်။

စိုင်းခွန်ကတော့အသံမပေးလိုက်ပေ။

မထုတ်ကြည့်တာကြာနေတဲ့အရာတစ်ခု။ ဘီရိုကိုဖွင့်လိုက်ပြီး ပုဆိုးခေါက်တွေကြားထဲကနေ ထိုအရာတစ်ခုကိုဆွဲထုဝာ်လိုက်သည်။

ပဝါ။ ဟံသာ့ပဝါလေး။

မိုးရွာသောညတစ်ညမှာ ရှိုက်ကြီးတငင်ငိုနေတဲ့သူ့ဆီ နှစ်သိမ့်ချော့မော့ရင်း ပေးခဲ့လေသောပဝါ။

ယခုအချိန်ထိ ဟံသာကထိုပဝါကိုပြန်မတောင်းချေ။

ချစ်သူဖြစ်သွားတဲ့ညက ဟံသာ့ကိုယ်သင်းနံ့စွဲအောင် ဟံသာ့ကျောနဲ့အကြာကြီးထိကပ်ခဲ့တာ။

ထပ်ပြီးမခွဲရတော့ဘူးအမှတ်နဲ့ ဘီရိုထဲထည့်သိမ်းထားပေမယ့် ဒီညတော့ သတိတရထုတ်ကြည့်ဖြစ်၏။

အခန်းပြတင်းပေါက်ဖွင့်ထားတော့ နွေလေပူတွေတိုးတိုက်တာကို စိုင်းခွန်ခံစားရသည်။

အိမ်ရှေ့လမ်းကနေ လူပျို၊ အပျိုတစ်သိုက်ရဲ့ စကားပြောသံစီစီညံကိုလည်းကြားနေရသည်။

ဒီနေ့က တစ်ရွာလုံးပျော်တဲ့နေ့။ တစ်ရွာလုံးမဟုတ်ဘူး။ တစ်မြို့လုံးပျော်တဲ့နေ့။

ပင်းတယတစ်မြို့လုံးပျော်တဲ့နေ့။

ရွှေဥမင်ဘုရားပွဲနေ့။

မတ်လအတွင်းမှာကျင်းပလေ့ရှိတဲ့ရွှေဥမင်ဘုရားပွဲဆိုတာ ပင်းတယကိုရောက်ကတည်းက စိုင်းခွန်နှစ်တိုင်းသွားတဲ့ပွဲ။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now