အပိုင်း(၄၃)

7.3K 994 44
                                    

[Unicode+Zawgyi]

ပန်းချစ်သူ တို့လက်နဲ့ကွယ် ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ် .... ဆွတ်ယူမယ်ဟန်ပြင်ကာပင် ယုယစွာထွေးပွေ့ထားပါမယ် .... အသာအယာဆွတ်ယူရင်မှာသိမ်းထားမယ် အိုလေပန်းလေးတစ်ပွင့်ရယ် .... ပန်းကိုချစ်တဲ့ပန်းချစ်သူ ကိုယ်တိုင်ချူကာဆွတ်ခူးမယ် ....

ပန်းချစ်တတ်တဲ့ကောင်လေးဟာ နှင်းဆီမျိုးတွေဝယ်လာပြန်လေသည်။ အဖြူ၊ အနီ၊ အဝါတွေကို ရောယှက်ကာမျိုးစုံစိုက်ထားပေးမယ့် ဒီနေ့တော့ ရေမွှေးနှင်းဆီလို့ခေါ်ကြတဲ့ ပန်းနုရောင်နှင်းဆီမျိုးတွေကို အသစ်စိုက်ဖို့ပြင်နေသည်။

Flower Boxကြီးထဲမှာ နှင်းဆီရောင်စုံကိုရောစိုက်တာကြောင့် ရူ့မငြီးအောင်လှတတ်သည်။ စံပယ်ပင်တွေကို ပန်းညှပ်ကပ်ကြေးနဲ့ တစ်ပတ်တစ်ခါညှပ်ကာ ပုံသွင်းထားတာကြောင့် လုံးလုံးအုပ်အုပ်လေးဖြစ်နေသည်။

မကြာသေးခင်ကမှအသစ်စိုက်ထားတဲ့စကားဝါပန်းပင်လေးဟာ အပွင့်တွေအာအောင်ပွင့်နေကြပြီ။ ဒါဟာလည်း ဂရု့တစိုက်ရေလောင်းပေါင်းသင်ပေးတတ်တဲ့စိုင်းခွန်ကြောင့်ပင်။

"စိန်စာတွေရယ် ပကျိပကျိနဲ့ နောင်းနေတာပဲ"

{စိန်စာ = စာကလေး}
{နောင်း = ဆူညံသည်}

စိုင်းခွန်က သူ့ခေါင်းထက်မှာဝဲကာ ပြေးပျံနေကြတဲ့စာကလေးတွေကိုကြည့်ရင်း မကျေမနပ်ရေရွတ်၏။

ထိုစဉ် ပိုးဥက "ဒွေးလေးရေ" လို့ အော်ကာအိမ်ဝိုင်းထဲဝင်လာသည်။

စိုင်းခွန်ကပန်းခြံထဲကနေ မျက်မှောင်ကြုံ့ကာလှမ်းကြည့်သည်။ သူနဲ့နီးစပ်ရာမိန်းကလေးတိုင်းက စကားပြောရင်၊ ခေါ်ရင် အော်ကြီးဟစ်ကျယ်လုပ်တတ်တာ သဘာဝပဲဆန်တာလား၊ လွတ်လပ်မှုကိုပဲခုံမင်တာလား။ သူမခွဲတတ်။

"ဟဲ့ စိုင်းခွန် .... နှင်းဆီတွေပွင့်နေလိုက်တာ ငါ့နည်းနည်းပေး"

"ဆုတောင်း! ငါ့အသည်းအသက်တွေကို မပေးနိုင်ပါဘူး"

ပိုးဥကမျက်စောင်းထိုးကာ

"တကတည်း ငုံးတွင်းနက်နေပုံများ .... သူ့ကောင်မန့်ဘာထင်နေလဲမသိဘူး"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now