အပိုင်း(၂၈)

10.1K 1.3K 86
                                    

[Unicode+Zawgyi]

ညဆိုပေသိ သာယာလှပါဘိ။
ကြယ်မထွန်းလည်း တောက်ပနေပါဘိ။
လမသာလည်း အေးမြနေပါဘိ။

စိုင်းခွန်ကချစ်တယ်ဆိုဝာာ ဟံသာ့အတွက်အိပ်မက်တစ်ခုဆိုရင် အိပ်မက်ကောင်းလေးမို့လို့ မနိုးပါရစေနဲ့ ....

ချစ်သူ့မျက်နှာကို တစိမ့်စိမ့်ထိုင်ကြည့်ရတဲ့အရသာဟာ အင်မတန်မှချိုမြလှပါ၏။

သစ်ပင်ကွယ်နေ၍ စိုင်းခွန်မျက်နှာပေါ်တင်ကျနေတဲ့ ဟိုတစ်ကွက် ဒီတစ်ကွက်အရိပ်တို့ကို ဟံသာမကြိုက်။ တစ်ချိန်က ထိမိလို့အော်ခံခဲ့ရပေမယ့် ဒီနေ့တော့ ချစ်သူဆိုတဲ့ရာထူးနဲ့ထိခွင့်ရခဲ့သော ဆံပင်ညို။

ခေါင်းလျှော်ထားတာကြောင့် မွေးအီအီရနံ့လေးက ဟံသာ့ကိုဆွဲဆောင်နေသလိုပင်။ ကိုယ်သင်းနံ့လေးကတော့ ဟံသာ့ကိုရင်ခုန်စေသောအကြောင်းတရား။

နှစ်ယောက်သား လက်ချင်းယှက်ကာကိုင်ထားကြပြီး ဟံသာ့ပုခုံးပေါ်စိုင်းခွန်ခေါင်းလေးမှီထားသည်။

မှောင်ကြီးမဲကြီးထဲမှာထိုင်နေကြပြီး တစ်ယောက်ကိုတစ်ယောက်ဘာစကားမှမပြော။ ငြိမ်ငြိမ်လေးထိုင်နေကြစဉ် နန်းယဉ်ဟွမ်ရဲ့ခေါ်သံက ကျယ်လောင်စွာပျံ့လွင့်လာ၏။

"အစ်မခေါ်နေပြီ"

"ခဏလောက်နေပါဦး"

"အစ်မဆီအရင်သွားလိုက်ဦးမယ် ပြီးမှပြန်လာမယ်လေ"

"ကိုယ်ထိုင်စောင့်နေရမှာလား"

"ခင်ဗျားသဘော"

ချက်ချင်းထသွားသောစိုင်းခွန်ကို ဟံသာလိုက်ဆွဲရသည်။

"စိတ်ကောက်သွားတာလား"

"ကျွန်တော်ကယောက်ျားလေး စိတ်မကောက်တတ်ဘူး"

ပြောပြီးတာနဲ့ တန်းပြေးသွားတဲ့စိုင်းခွန်ကို ဟံသာရပ်ကြည့်နေမိသည်။

မြတ်နိုးတဲ့ကျောပြင်လေး။ မင်းရဲ့ထွက်သွားခြင်းပေါင်းများစွာကို ကိုယ်မြတ်နိုးစွာငေးကြည့်ခဲ့တယ်။

ပိုင်ဆိုင်ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့၊ ဝေးကွာသွားပြီဆိုတဲ့ခံစားချက်နဲ့။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now