အပိုင်း(၃၇)

7.7K 1K 17
                                    

[Unicode+Zawgyi]

လက်ထပ်ခွင့်လေး‌ကိုလက်ခံပြီးနောက်ပိုင်းမှာ နှစ်ယောက်သားပိုနီးကပ်လာသည်။

ချစ်သူသက်တမ်းမကြာသေးသော်လည်း အချစ်တို့ကခိုင်မာ၏။ ဘဝအဆက်ဆက်ကပါလာတဲ့မေတ္တာပါရမီတွေကြောင့်ထင်သည်။

တစ်ယောက်အပေါ်တစ်ယောက် မြတ်နိုးမှုဖြင့်ထုံမွှမ်း၍ချစ်ကြသည်။

ဒီရက်ပိုင်းအတွင်းမှာ ဟံသာရွာမကပ်နိုင်ပေ။ ဆေးရုံနဲ့အလှမ်းဝေးပြီး ကျေးလက်ဆေးပေးခန်းတောင်မရှိတဲ့ တောင်ဖျားရွာတွေဆီ တကူးတကအရောက်သွားသည်။

နေ့မအား၊ ညမနားကုသပေးသည်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့တောင်ပေါ်ပိုင်းတွေဆိုရင် ဟံသာ ခြေလျင်တက်သည်။ သွားသည်။

မမောနိုင်၊ မပန်းနိုင် ဆေးကုပေးရတာကိုက ကျေနပ်ပီတိဖြစ်လှသည်။

ဒါကိုသာ ဟံသာ့အဖေမြင်ရင် 'ပေါ်ပင်' ဆိုတဲ့စကားကို သုံးနှုန်းပြောဆိုဦးမည်လား။

'ဆရာလေး' 'ဆရာဝန်လေး' ဆိုတဲ့အခေါ်အဝေါ်လေးက အသံဝဲဝဲတွေကြောင့် ပိုမိုအသက်ဝင်လာခဲ့သလိုရှိသည်။

အားကိုးတကြီးနဲ့ ဟံသာ့ဆီရောက်လာကြတဲ့လူနာတွေကို မေတ္တာရှေ့ထားပြီး စေတနာနဲ့ကုသပေးတဲ့ဟံသာသည် အသပြာဆရာဝန်မဟုတ်ခဲ့။ ကရု့ဏာဆရာဝန်တစ်ဦးဖြစ်ခဲ့သည်။

ဟံသာ့ရည်မှန်းချက်အတိုင်း ပရဟိတဆရာဝန်ပေါ့။

စိုင်းခွန်လည်း ဟံသာ့နည်းတူ အလုပ်တွေရှုပ်နေရှာသည်။ နေကြာခင်းမဖျက်သိမ်းရေးနဲ့ စိုက်ခင်းတွေမခုတ်ထွင်ရေးတို့အတွက် ရွာတွင်းသဘောတူညီမှုလက်မှတ်လိုက်ကောက်သည်။

"စိုင်းခွန်ရေ လက်မှတ်စုံပြီ .... ဘယ်ကိုတင်ပြရမှာလဲ"

"ရပ်ရွာအထွေထွေဦးစီးချုပ်ရုံး"

"သူ့ဆီတင်ပြပြီးရင်ရော"

"ဆန္ဒထုတ်ဖော်ရမှာပေါ့ .... ရွာနေလူထုကလက်မခံနိုင်တဲ့အကြောင်းကို သူတို့ပုဂ္ဂလိကပိုင်ကုမ္ပဏီကသိသွားရင်ရပြီ"

စိုင်းခွန်သတ္တိတွေသိပ်ကောင်းနေသည်။ ခွန်အားတွေအပြည့်နဲ့ ရင်ဆိုင်ဖို့အဆင်သင့်ဖြစ်နေပြီ။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now