အပိုင်း(၁၈)

10.3K 1.4K 38
                                    

[Unicode+Zawgyi]

တိုးတိတ်သောရင်ခုန်သံတို့အား ကိုယ့်ချစ်သူကြားသိစေ ....

ချက်ချင်းပြန်မဆင်းသေးကြဘဲ ဂူအတွင်းလှည့်ကြည့်ကြသေးသည်။

ဂူအဝင်အဝကနေ လှိုဏ်ခေါင်းအဆုံးထိဟာ ပေ၄၉၀ရှည်ကြောင်းရှင်းပြသေးသည်။ ရုပ်ပွားတော်၊ ဆင်းထုတော်များစွာထဲမှ အတောင်၅၀(၇၅ပေ)ဉာဏ်တော်အမြင့်ရှိတဲ့ ရွှေဥမင်စေတီတော်သည် ဂူအဝင်အဝ၏ ဘယ်ဘက်ခြမ်းလေးတွင် တည်ရှိနေ၏။

ဖူးမြော်ကြပြီးနောက်မှာတော့ viewကြည့်လို့ရတဲ့နေရာဘက်ကိုသွားကြသည်။

"ဟိုးဘက်မှာတွေ့လား .... လယ်ကွင်းစိမ်းတွေထောင့်ကခပ်ဝါဝါတွေလေ"

"အင်း တွေ့တယ်"

"အဲ့ဒါနေကြာခင်းတွေလေ .... ကျွန်တော်တို့ရွာအဝင်ပေါ့"

မန်တိမ်ရွာအဝင်ကို ရွှေဥမင်ဘုရားပေါ်ကနေ ခပ်ပျပျမြင်ရသည်။ များသောအားဖြင့် စိမ်းစိုနေတတ်တဲ့ရှု့ခင်းတွေဟာ ဒီကနေ့မိုးကြောင့် ပိုတောက်ပနေသယောင်ရှိသည်။

ဖြူဖြူလေးတွေကခပ်လှုပ်လှုပ်ဆိုတော့ ကားတွေတသီတသန်းသွားနေမှန်း မှန်းဆလို့ရသည်။ ခေါင်မိုးနီအိမ်လေးတွေကိုတော့ ဟိုတစ်စု၊ ဒီတစ်စုနဲ့ မြင်ရသေးသည်။

"ဆင်းရအောင်အစ်ကို .... နေမြင့်ရင်သွားရတာပူတယ် ပုန်းတလုတ်ကန်ကနေအေးမှကြည့်ရတာကောင်းတာ"

"သွားကြမယ်လေ ဒါဆိုလည်း"

နှစ်ဦးသဘောတူကြပြီး လှေကားကနေပဲဆင်းကြသည်။

"ဓာတ်လှေကားကနေဆင်းချင်ရင်ပြောနော်"

"ရပါတယ် ဒီလိုပဲဆင်းကြတာပေါ့"

ဟံသာ့ကိုအားနာ၍သာ စိုင်းခွန်ဒီလိုပြောရခြင်းဖြစ်သည်။ တကယ်က လှေကားကဆင်းရတဲ့အရသာက ပိုကောင်းပြီး ပိုပျော်စရာကောင်းသည်။

အပြန်လမ်းမှာတော့ စိုင်းခွန်နှုတ်ဆိတ်နေသည်။ အသွားမှာ စကားတွေရေပက်မဝင်ပြောတဲ့ကောင်လေးက တိတ်ဆိတ်သွားတော့ ဟံသာ့ဘက်ကစကားစဖို့ကြိုးစားသည်။

ခက်တာက စကားအစရှာမရပေ။

အတွေးကိုယ်စီနဲ့ဆင်းနေကြစဉ်

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now