အပိုင်း(၂၂)

10.2K 1.3K 12
                                    

[Unicode+Zawgyi]

အရွက်မဲ့သစ်ကိုင်းတွေက လှနိုင်ပါ့မလား
ရနံ့မဲ့ပန်းပွင့်တွေက လူကြိုက်များနိုင်ပါ့မလား
မင်းမရှိတဲ့ကိုယ့်ဘဝကြီးကရော အဓိပ္ပာယ်ရှိနိုင်ပါ့မလား

"မပြန်ပါနဲ့"

တောင်းဆိုသံလေးက စိုင်းခွန်ရင်ထဲနွေးခနဲ။

ပုတ်သင်ညိုလို တဆတ်ဆတ်ခေါင်းညိမ့်ကာ မပြန်ချင်ဘူး အစ်ကို့အနားနေမယ် ပြောချင်ပေမယ့် တကယ်တမ်းက ပြောမထွက်။

"ကျွန်တော်ပြန်မှရမယ် အိမ်ကထွက်လာတာဘယ်သူမှမသိဘူး"

ဒီတစ်ကြိမ်တော့ ဟံသာ့ရဲ့မျှော်လင့်ချက်တွေကြွေသွားတာပေါ့။

လက်ခံလိမ့်မယ်လို့ထင်ခဲ့မိတဲ့ ကိုယ့်ကိုကိုယ် ရှက်မိ၏။

ထိုးကိုက်နေတဲ့ခေါင်းကိုတောင် သတိမရတော့။

မချိုမချဉ်မျက်နှာထားနဲ့ပဲ

"အစ်ကိုတောင်းပန်ပါတယ် တောင်းပန်ပါတယ်"

တောင်းပန်စကားဆိုတော့ စိုင်းခွန်နားမလည်ပါ။

ထိုစဉ် လျှပ်စီးကဝင်းခနဲပြက်လိုက်သည်။ ပြက်လိုက်တဲ့လျှပ်စီးနောက်မှာ မိုးကြိုးပစ်သံအကျယ်ကြီးကြားရပြီးနောက် မီးပျက်သွားလေပြီ။

ဟံသာ့အိမ်ရော၊ မန်တိမ်ရွာရော နောက်ပြီး ပင်းတယမြို့ပါ မီးတွေအတိမှိတ်ကျသွားလေ၏။

"ဟောဗျာ သွားပြန်ပြီ"

စိုင်းခွန်ကအမှောင်ကြီးထဲ

"ဘာမှမမြင်ရတော့ဘူး အစ်ကိုရှိလား .... အနားမှာပဲမလား"

"အင်း ရှိတယ် အနားမှာပဲ .... ညီ လက်ဆန့်ထုတ်လိုက်"

မှောင်ကြီးမည်းကြီးထဲ စမ်းတဝါးဝါးလက်လှမ်းတော့ စိုင်းခွန်လက်က ဟံသာ့လက်ကိုထိကိုင်မိသည်။

ဟံသာ့ဘက်က လက်ကိုလှမ်းဆုပ်လိုက်ချိန်မှာတော့

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now