အပိုင်း(၃၃)

9.1K 1.1K 44
                                    

[Unicode+Zawgyi]

နှစ်သစ်ရဲ့အရုဏ်ဦးနဲ့အတူ မန်တိမ်ရွာလေးနိုးထလာခဲ့၏။

မိုးမလင်းခင် ဝေလီဝေလင်းအချိန်ကတည်းက ချက်ပြုတ်ပြင်ဆင်နေကြတာ နေမင်းကြီးပြူပြူထွက်မှ ပြီးကြတော့သည်။

"မောင်ဟံသာရေ မောင်ဟံသာ"

ကော်ဖီသောက်နေတဲ့ဟံသာ အိမ်ရှေ့ကအော်ခေါ်သံကြောင့် အပြေးထွက်လာခဲ့သည်။

"ဪ ဒွေးလေး"

"ပွဲကိုဘယ်လိုသွားမှာလဲ မောင်ဟံသာ့ဦးလေးတို့နဲ့သွားမှာလား .... မဟုတ်ရင် ဒွေးလေးတို့နဲ့လိုက်ခဲ့လေ"

"ကျွန်တော့်ဦးလေးကလာခေါ်မယ်ပြောထားပါတယ်ဒွေးလေး"

"အေး အေး ပြီးရောကွယ် .... အဲ့ဒါဆိုဒွေးလေးတို့သွားချည်ဦးမယ် ပွဲမှာဆုံမနော်"

ပြန်လှည့်ထွက်သွားတဲ့ဒေါ်ကြာမှိုကို ဟံသာလှမ်းခေါ်လိုက်သည်။

"ဒွေးလေး"

ဒေါ်ကြာမှိုကလှည့်ကြည့်တော့

"စိုင်းခွန်ရော မပါဘူးလား"

"မင်းညီလေးကပွဲထဲရောက်နေလောက်ပြီ အခုဆိုရင်"

ရယ်ရယ်မောမောပြောသွားကာမှ မနေ့ညက ပွဲကိုအစောကြီးသွားမယ်ပြောထားကြောင်းသတိရတော့သည်။

ဒေါ်ကြာမှိုတို့ဟိုက်ဂျက်လေးထွက်သွားသည့်တိုင်အောင် ဟံသာအိမ်တံခါးမပိတ်သေး။ အိုးစည်သံတွေ၊ ဒိုးပတ်သံတွေနဲ့ သီဆိုကခုန်ကာ စည်ကားနေတဲ့ ရွာလယ်လမ်းကိုငေး‌နေမိ၏။

ငေးနေရင်းပြုံးမိပြန်သည်။ တကယ့်ကို အေးချမ်းပါလား။

အမေသာဆိုရင် ဒီလိုသဘာဝဆန်ဆန်ဓလေ့လေးတွေနဲ့ စိတ်ချမ်းသာလောက်မှာလို့တွေးမိပြန်သည်။

"ဟံသာ"

ဘယ်လောက်ထိအတွေးနက်နေလဲမသိ။ ဦးလေးနိုင်ကပုခုံးလာပုတ်မှပဲသိတော့သည်။

"အတွေးတွေလွန်နေတာလားငါ့တူ ခြံဝိုင်းထဲလူဝင်လာတာတောင်မသိဘူး"

ဟံသာကရှက်ရယ်ရယ်ကာ

"မဟုတ်ပါဘူးဦးလေးနိုင်ရဲ့ .... သွားကြတော့မလား"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now