အပိုင်း(၁၃)

10.6K 1.5K 10
                                    

[Unicode+Zawgyi]

တိုက်ဆိုင်မှုအချို့ကို စိုင်းခွန်မြတ်နိုးတတ်လာသည်။

တောင်မှမြောက်သို့ သွယ်တန်းလျက်ရှိတဲ့တောင်တန်းတွေက နေလုံးကြီးရဲ့အပူရှိန်ကြောင့် ရောင်ပြန်တွေဟပ်လျက်ရှိသည်။

အလုပ်ထဲကိုအာရုံစိုက်ထားမိတာကြောင့် စိုင်းခွန် နေ့လည်စာအချိန်လွန်သွားမှန်းသတိမထားမိ။

အဖွဲ့ထဲကလူတွေက ဗိုက်မဆာကြတာကတစ်ကြောင်း၊ ထမင်းဘူးတွေပါလာတာကတစ်ကြောင်း တစ်နေရာရာမှာ ထမင်းဝင်စားဖို့မပြောကြ။

ဖုန်းထုတ်ပြီး အပင်တွေကို ဓာတ်ပုံလိုက်ရိုက်နေတုန်း စိုင်းခွန်ဗိုက်က ထိုးအောင့်လာသည်။ နေပူကြီးထဲဖြစ်တာကြောင့် ချွေးတွေလည်းပြန်လာသည်။

မငြိမ်နိုင်တဲ့ခြေလှမ်းတွေနဲ့ အနီးအနားသကစ်ပင်ဆီလျှောက်သွားရင်း အရိပ်ထဲမှာနားနေသည်။ သစ်ပင်ရဲ့ပင်စည်ကိုထိကိုင်အားပြုရင်း အသက်မှန်မှန်ရှုနေရသည်။

"ဟေ့ ဟိုမှာ စိုင်းခွန်ဘာဖြစ်လဲမသိဘူး"

တစ်ယောက်ယောက်ကအော်ပြောလိုက်တာကို စိုင်းခွန်ကြားလိုက်သည်။ ခဏကြာတော့ အခြားလူတွေပါ စိုင်းခွန်အနားရောက်လာသည်။

"ရပါတယ် ဘာမှမဖြစ်ပါဘူး"

"ဟ မင်းကဘာမှမဖြစ်ဘူးသာဆိုတယ် .... ချွေးတွေချည်း နေမကောင်းဘူးလား"

"ဗိုက်နည်းနည်းအောင့်လို့"

"ဗိုက်ကနည်းနည်းအောင့်တာနဲ့မတူဘူး .... မတော်လို့ ဆိုးဆိုးရွားရွားဆိုရင် ဘယ်နှယ့်လုပ်မလဲ"

လူကြီးတွေကတော့ စိတ်ပူနေကြဟန်ရှိပါသည်။

"ဘေးမှာဘုန်းကြီးကျောင်းရှိတယ် .... ခဏသွားနားလို့ရလောက်မယ်ထင်တယ်"

စိုင်းခွန်ကိုတွဲလျက် ကားပေါ်တင်ကြပြီး ဘုန်းကြီးကျောင်းဝင်းထဲမောင်းသွားကြသည်။

စိုင်းခွန်ကိုကားပေါ်ကဆွဲချပြီး တွဲပေးလျက် ပင်မသတင်းသုံးဆောင်ထဲခေါ်လာသည်။

"ဒကာလေးတို့ဘာဖြစ်လာကြတာလဲ"

ဘုန်းကြီးတစ်ပါးရဲ့အသံကြောင့် ဆေးကဒ်တွေသိမ်းနေတဲ့ဟံသာ နောက်လှည့်ကြည့်လိုက်သည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now