အပိုင်း(၄၆)

7.6K 998 25
                                    

[Unicode+Zawgyi]

"လွမ်းတယ်ဆိုတာငိုတာမျိုး ဒါပေမယ့် ရင်ထဲမှာငိုပြီး ရင်ထဲမှာတိတ်တာ"

ဆရာဘုန်းနိုင်ရဲ့ တပြည်သူမရွှေထားဝတ္ထုကိုဖတ်ရင်း စာကြောင်းတစ်ကြောင်းကို တိုးတိုးရေရွတ်သောစိုင်းခွန်။

"ခွန်ရေ ကားပေါ်မှာစာမဖတ်ပါနဲ့လားကွာ .... တော်ကြာခေါင်းမူးနေမယ်"

"ဟာ ကိုကိုးကလည်း"

ကားမောင်းနေရင်း ဘေးနားကနေအလိုမကျတဲ့အသံနဲ့ပြောလိုက်တဲ့ချစ်သူကို တစ်ချက်စောင်းကြည့်လိုက်သောဟံသာ။

အခုတလော ဘာပြောပြောနားမထောင်ဘဲ အကန်တွေပြန်ပြောနေတာ ဘာ့ကြောင့်များပါလိမ့်။

"ကိုကိုကခွန်ခေါင်းမူးမှာစိုးရိမ်လို့ပါ"

ဟံသာ့အမေးကိုပြန်မဖြေဘဲ စာအုပ်ထဲကိုသာ ငုံ့ကြည့်နေတာ။

စာအုပ်ဆိုင်ကအပြန် အတူတူကော်ဖီလေးသောက်ရင်း dateလုပ်ချင်ပေမယ့် ဒီအတိုင်းဆို စိုင်းခွန်ဘက်ကစိတ်ပါပုံမပေါ်။

ဟံသာ့အမေနဲ့တွေ့ပြီးပြီဆိုတော့ ရန်ကုန်ကိုလာရင်းကိစ္စကရှင်းပြီလေ။ ဒါ့ကြောင့် မနက်ဖြန်ပင်းတယပြန်ဖို့ စိုင်းခွန်ပြင်ပြီးပြီ။ ဒီညနေမှာ onlineကနေ လေယာဉ်လက်မှတ်ဖြတ်ပေးမည်တဲ့။

ဟံသာကရော ရန်ကုန်မှာဘယ်အချိန်ထိသောင်တင်နေရဦးမှာလဲ။ အဖေနဲ့ရော ဘယ်တော့များမှဆွေးနွေးခွင့်ရမလဲ။

အမြဲတမ်းမေးခွန်းတွေနဲ့သာချာချာလည်နေတဲ့ဒီလောကဓံထဲ ဟံသာသက်ပြင်းတွေမကြာခဏချရတာ အဆန်းဖြစ်မယ်မထင်။

"ပြီးပြီ"

စိုင်းခွန်ဆီကနေအသံထွက်လာသည်။

"အခုနကမှဝယ်လာတာလေ .... ဒီလောက်အထူကြီးကိုဖတ်ပြီးပြီလား"

"ဒီစာအုပ်ကကျွန်တော်ဖတ်ပြီးသား .... လက်ဝယ်သိမ်းထားတာလိုချင်လို့ဝယ်လိုက်တာ"

"ဒါဆိုဘာလို့စာအုပ်ကိုသဲကြီးမဲကြီးဖတ်နေလဲခွန် .... ကိုကိုပြောတာလည်းနားမထောင်၊ ကိုကိုခေါ်တာလည်းမကြားနဲ့"

ဟံသာက မျက်မှောင်ကြုံ့ကာပြောလိုက်တော့ စိုင်းခွန်က

"ကိုကိုးစိတ်ဆိုးသွားတာလား"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now