အပိုင်း(၅)

15.2K 1.9K 38
                                    

တောင်အလျှိုလျှိုတွေကြားထဲမှာမှ ဖောက်ထားတဲ့လမ်းကျဉ်းလေးတွေဟာ မြွေလိမ်မြွေကောက်သဏ္ဍာန်။

ထိုလမ်းကျဉ်းလေးထဲမှာ စိုင်းခွန်မောင်းနှင်နေတဲ့ဟိုက်ဂျက်လေးဟာ ခပ်ပြေးပြေး။

တောင်ပေါ်လမ်းတွေမို့ စိုင်းခွန်က ကားကိုဂရု့တစိုက်မောင်းနှင်နေသော်လည်း ပိုးဥကတော့ ကားမှန်ဖွင့်ကာ လေရှုနေလေသည်။

ပိုးဥဖွင့်ထားတဲ့ကားမှန်ကြောင့် တောင်ပေါ်လေလေးဟာ ကားထဲသို့ အဟုန်ပြင်းစွာဝင်လာသည်။ စိုင်းခွန်သို့ ထိတွေ့ကလူနေတဲ့လေလေးတွေကြောင့် စိတ်တွေလန်းနေသလို။

အတက်အဆင်းတွေများတဲ့အခိုက်မှာတော့ ပိုးဥကကားမှန်ကိုပိတ်ထား၏။ ဟိုက်ဂျက်လေးထဲမှာတော့ အဲယားကွန်းလေ‌လေးကြောင့် အနည်းငယ်အေးစိမ့်သွားသည်။

"ခုနက လေဆိပ်မှာ ဟိုလူနဲ့ဘာဖြစ်ကြတာလဲ"

ပိုးဥဘက်ကစမေးတော့ စိုင်းခွန်တိတ်ဆိတ်နေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက်မှာတော့

"ဘာမှမဟုတ်ပါဘူး"

ပိုးဥကလည်း ဆက်မသိချင်တော့ဟန် ရေဒီယိုဖွင့်ကာနားထောင်နေသည်။

စိုင်းခွန်ကတော့ အတွေးများနေသည်။

မခို့တရို့လှောင်ပြုံးများ၏ ထိုးနှက်ချက်တွေကို စိုင်းခွန်ခံစားလာရသည်မှာ ၁နှစ်နီးနီးရှိတော့မည်။

ဒီနေ့လည်း ထိုလှောင်ပြုံးတွေကြောင့် စိုင်းခွန်စိတ်တွေတစ်ဖန်နာကျင်လာရသည်။

စိတ်ဒဏ်ရာတွေ မပျောက်ဘူး။ လုံးဝမပျောက်ဘူး။ မေ့လို့လည်းမရ၊ မုန်းလို့လည်းမရ။ သို့ပေသိ ချစ်လို့လည်းမရတော့ချေ။

🌸🌸

နာရီဝက်အကြာမှာ ဦးလေးနိုင်ရောက်လာသည်။ အမောတကောနဲ့ ဟံသာ့ကိုရှာနေပါ၏။

"ကျွန်တော်ဒီမှာ ...."

လက်ပြလိုက်တော့ ဦးလေးနိုင်က ဝမ်းသာအားရနဲ့ပြေးလာသည်။

"Sorryငါ့တူရာ .... ကားပျက်သွားလို့ကွ"

ဟံသာပြုံးပဲပြုံးနေလိုက်သည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now