extra(၃)

6.3K 755 43
                                    

[Unicode+Zawgyi]

စေတနာတွေက ဝေဒနာဖြစ်သွားတာလား ....

သိပ်ချစ်ရတဲ့မင်းကိုမထိခိုက်စေချင်တဲ့ကိုယ့်အပြောတွေက ကရု့ဏာဒေါသောတွေကြောင့် ရင့်သီးသွားသလား ....

ခံစားရသူမင်းကို ကိုယ်ချင်းမစာမိခဲ့တဲ့ကိုယ့်အပြစ်လို့သာ ယူဆလိုက်ပါကွယ် ....

"ကိုကိုး ...."

"ဘာလဲ .... မင်းကယောက်ျားတစ်ယောက်မဖြစ်ချင်တော့တာလား ဟမ်!"

"ကိုကိုး!"

ကျောက်ထိုင်ခုံပေါ်ကနေဆတ်ခနဲဆိုသလိုထကာအော်လိုက်သည်။ စိုင်းခွန်ရဲ့မျက်လုံးတို့ဟာမခံမရပ်နိုင်တာကြောင့် မာတင်းရဲတောက်နေသည်။ နှုတ်ခမ်းပါးနှစ်လွှာကလည်း တင်းတင်းစေ့ခံထားရတာကြောင့် ပိရိနေသည်။ အသက်ရှုတာလည်း စက္ကန့်မလပ်မြန်ဆန်လွန်းတာကြောင့် ရင်ဘတ်တောင် ဖောင်းလိုက်ပိန်လိုက်နဲ့ ကြိမ်ဖန်များစွာဖြစ်နေသည်။

"ကိုကိုးဘယ်လိုပြောလိုက်တာလဲ"

ဟံသာကပြန်မဖြေ။ သက်ပြင်းချကာတစ်ဖက်လှည့်သွားသည်။

"ခင်ဗျားဘယ်လိုပြောလိုက်တာလဲလို့ကျွန်တော်မေးနေတယ်လေ!"

'ခင်ဗျား' ဟူသောအသုံးအနှုန်းကြောင့် ဟံသာမျက်နှာလွှဲထားရာကနေ စိုင်းခွန်ကိုလှည့်ကြည့်သည်။ စိုင်းခွန်က ဝမ်းနည်းဒေါသတွေအခိုးရိုက်နေသည့်အလား လက်သီးနှစ်ဖက်ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။ ထို့နောက် ဟံသာ့လက်မောင်းကို လက်ဖနောင့်နဲ့ဆောင့်တွန်းလိုက်ရင်း

"ဘယ်လိုပြောလိုက်တာလဲလို့မေးနေတယ်မလား! ခင်ဗျားကိုမေးနေတယ်မလားလို့!"

အသံကုန်ဟစ်ကာနောက်ထပ်တစ်ကြိမ်မေးလိုက်၏။

ဟံသာကလည်းသွေးပူနေတုန်းမို့လို့ စကားတွေထပ်ပြောရင် အမှားပါကုန်မယ်ဆိုတာသိသည်။

"စိုင်းခွန် .... တော်လိုက်တော့"

"ခင်ဗျားဖြေစမ်းပါ .... ကျွန်တော့်ကိုဘယ်လိုမြင်နေလို့ ဒီစကားပြောထွက်ရတာလဲ! ဟမ်! .... ကျွန်တော်ယောက်ျားတစ်ယောက်ပါ ဒီနေ့ ဒီလိုပြောခဲ့တာက ခင်ဗျားအတွက်ဗျ!"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now