အပိုင်း(၃၂)

10.1K 1.2K 58
                                    

[Unicode+Zawgyi]

နေကြာပန်းလေးတွေက နေရှိရာအရပ်ကိုမျက်မှာမူပြီး လှပစွာပွင့်လန်းကြသလို ကိုယ်ဟာလည်း မင်းရှိရာအရပ်ကိုမျက်နှာမူပြီး မြတ်နိုးစွာချစ်ပါ့မယ် ....

လကွယ်ညကြီးကမှောင်နေသည်။ ကြယ်လေးတွေတော့ ဟိုတစ်စု၊ ဒီတစ်စု လင်းလက်သေးသည်။

ပြောင်ရှင်းနေတဲ့ကောင်းကင်ကြီးမှာ တိမ်တွေမရှိဘဲ ကြယ်တွေသာတောက်ပနေတာ ကံကောင်းခြင်းလက္ခဏာတစ်ရပ်လား။

စိုင်းခွန်ကတော့ အလုပ်ကပြန်လာတိုင်း ရေမိုးချိုး၊ ထမင်းကိုကပျာကယာစားပြီး ဟံသာ့အိမ်ကိုအပြေးလာတတ်သည်။

မိခင်ဖြစ်သူကတော့ မျက်မှောင်ကြီးကုပ်လျက်ကြည့်သော်လည်း နန်းယဉ်ဟွမ်ကတော့ မျက်နှာကြီးဆူပုတ်ကာ သွားတကျိကျိကြိမ်းသည်။

"အုပ်အုပ် .... ညနေတိုင်းအပြင်ထွက်နေတယ် ဘာဖြစ်နေလဲ"

"အစ်မကလည်း ...."

အီလေးဆွဲအသံနဲ့ပြောလိုက်တိုင်း နန်းယဉ်ဟွမ်ပြောစရာတွေပျောက်ရှကုန်သည်။

ဟံသာ့စေ့စပ်ပွဲပျက်ပြီး ပင်းတယကိုစိတ်လက်ပေါ့ပါးစွာပြန်လာကြောင်း နန်းယဉ်ဟွမ်သိပြီးနောက်ပိုင်း သူမရင်ထဲကအလုံးကြီးကျသွားပုံရပါသည်။

စိုင်းခွန်ကိုဆူတာတွေမလုပ်တော့ဘဲ အနောက်ကနေသာအသာထိန်းသည်။

"မိုးမချုပ်စေနဲ့ .... အမေမေးတိုင်းလှည့်ပတ်ဖြေရတာ ကြာလာတော့အဆင်မပြေတော့ဘူး"

"အင်းပါအစ်မရဲ့ .... သွားပြီ တာ့တာ"

"ဟဲ့ကလေး မိုးမချုပ်စေနဲ့နော် .... နားပေါက်လား"

{နားပေါက်လား = သဘောပေါက်လား}

ပြန်ဖြေသံမရှိတဲ့ သူမရဲ့ဆုံးမစကားဟာ ဩဇာမညောင်းမှန်းသိသာလှ၏။

သို့ပေမယ့် ခုန်ပေါက်ပျော်ရွှင်စွာ ပြေးထွက်သွားတဲ့ မောင်ဖြစ်သူကိုကြည့်ရင်း သူမလည်းထပ်တူပျော်ရတယ်မလား။

"ကိုကိုးရေ"

အိမ်ထဲကိုဝင်လာပြီး ဧည့်ခန်းထဲမှာအော်ခေါ်နေသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now