Special Ep(၁)

4.2K 440 49
                                    

[Unicode+Zawgyi]

နွေဟာ ခွင့်မတောင်းဘဲနှင့် အတားအဆီးကင်းစွာဝင်ရောက်လာသည်။ နေရှိန်ဝင်းဝင်းဟာ မြေပြင်ပေါ်ရှိသစ်ပင်ချုံအုပ်တွေပေါ်ဝယ် လှဲလျောင်းအနားယူနေ၏။ ကိုင်းကြီးကြီးသစ်ပင်တွေကြားထဲမှာတော့ ငှက်တွေဟာတေးသီနေသည်။ နွေရဲ့အရှင် ငှက်ဥဩတော့မဟု‌တ်ပေ။

ပင်းတယရဲ့နွေဥတုဟာ တစ်နှစ်ထက်တစ်နှစ်ပိုပူလာသည်။ အေးမြလတ်ဆတ်တဲ့ခံစားမှုတွေဆိုတာ ပင်းတယနွေရာသီတွင်း ပျောက်ခြင်းမလှပျောက်နေခဲ့ရတာကြာခဲ့ပြီ။

စိုင်းခွန်ဟာ အိမ်ရှေ့ကသူ့ပန်းခြံလေးကို အရင်ထက်ပိုပြီးတယုတယထိန်းသိမ်းသည်။ နေပူထိပြီးညှိုးသွားမှာကို စိုင်းခွန်အလွန်စိုးရိမ်သည်။

ဒီနေ့လည်း စိုင်းခွန်တစ်ယောက် ပန်းခြံထဲမှာပဲအချိန်ကုန်ပြန်သည်။

"အာ .... မောလိုက်တာကွာ"

စိုင်းခွန်ရဲ့အသံကြောင့် ဟံသာအိမ်ထဲကနေထွက်လာသည်။

"ခွန် .... မပင်ပန်းဘူးလား၊ လာပါဦးဒီကို"

"အံမယ် .... လာပါဦးဆိုတော့ ကျွန်တော်ကဈေးသည်လား"

"ဟောဗျာ .... ကိုကို့အမျိုးသားက အရင်ကထက်ပိုပြီးရစ်တတ်လာတယ်"

"ရစ်တယ်ပေါ့ .... ဒါလေးပြောတာကိုရစ်နေတယ်လို့မြင်တယ်ပေါ့"

စိုင်းခွန်က မျက်နှာထိမျက်နှာထားနဲ့ပြောသည်။ အသားဖြူဖြူမှာဖုန်မှုန့်လေးတွေကပ်နေတာကို ဟံသာကအသည်းယားစွာနဲ့ငေးကြည့်ရင်း ဖုန်ခါပေးသည်။

"ကလေးလေးကျနေတာပဲ .... ပေလို့"

"ဩ ပေလို့ဆိုတော့ ငြိုငြင်တယ်ပေါ့ .... အဲ့လိုလား"

ဟံသာဘာစကားမှမပြောရဲလေတော့။ ပြောသမျှကို ရစ်ချင်စရာရယ်လို့များမြင်နေသလားမသိတဲ့စိုင်းခွန်ကြောင့် ဟံသာနှုတ်ဆိတ်လိုက်သည်။

"စကားတောင်မပြောချင်တော့ဘူးပေါ့ အဲ့လိုလား"

ရိတိတိပြောတတ်လာတဲ့စိုင်းခွန်ကို ဟံသာသင်ခန်းစာပေးမယ်စိတ်ကူးသည်။ စိတ်ကူးရင်း စိုင်းခွန်အနားကိုတိုးလာကာ ပါးစပ်မှလေတွေမှုတ်ထုတ်လိုက်သည်။ ထို့နောက် စိုင်းခွန်မျက်နှာအား တရီတဝေစိုက်ကြည့်သည်။ စိုင်းခွန်က ထိတ်လန့်တဲ့အမူအရာနဲ့နောက်ဆုတ်သွားသည်။ ဟံသာက လက်ကိုလှမ်းဆွဲသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now