အပိုင်း(၄)

14.7K 1.7K 20
                                    

[Unicode+Zawgyi]

ဒီနေ့မနက်ခင်းလေးဟာ အင်မတန်သာယာပါ၏။ နွေဆိုပေသိ လေပူမတိုက်ဘဲ လေအေးလေးတဆွတ်ဆွတ်ပျံ့နေတာကြောင့် ခံစားလို့ကောင်းသည်။

ထိုလေအေးတွေတိုက်လိုက်တိုင်း အပင်ကိုင်းတွေမှာချိတ်တွဲနေကြတဲ့ သစ်ရွက်စိမ်းလေးတွေက ယိမ်းသမတွေလို ဘယ်ညာစည်းချက်မှန်လှုပ်ရှားနေသည်။

ကြီးကျယ်ခမ်းနားတဲ့နှစ်ထပ်အိမ်ကြီးရဲ့ပေါ်တီဂိုအောက်မှာ ခရီးဆောင်အိတ်နှစ်လုံးကို ထပ်ဆင့်ချထားသည်။ ဒရိုင်ဘာဖြစ်ဟန်တူတဲ့ယောက်ျားတစ်ယောက်က ထိုအိတ်တွေကို ကားနောက်ဖုံးထဲသို့ စနစ်တကျထည့်နေ၏။

casual shirtနဲ့ ဂျင်းအနက်ကိုသာ ပေါ့ပေါ့ပါးပါးဝတ်ထားတဲ့ဟံသာတစ်ယောက် အိမ်ပေါက်ဝသို့ရောက်နေပြီ။ အနောက်ကတော့ ဟံသာ့အမေကလိုက်လာသည်။

ဒီနေ့က ဟံသာပင်းတယကိုသွားမယ့်နေ့။

"သားသွားတော့မယ်"

"သား .... အမေ့ဆီမကြာမကြာဖုန်းဆက်ပါ .... ရေပြောင်းမြေပြောင်းဆိုတော့ ကျန်းမာရေးဂရု့စိုက်ပါကွယ် အစားအသောက်လည်းပုံမှန်စားပါ .... ဘုရား၊တရားလည်းမမေ့နဲ့နော်"

၂၈နှစ်အရွယ်သားတစ်ယောက်ဖြစ်လင့်ကစား အမေ့အတွက်တော့ ဟံသာဟာကလေးငယ်လေးပါပဲ။ ဒါဟာလည်း အမေတိုင်းရဲ့ သားသမီးအပေါ်မှာထားတဲ့ တူညီတဲ့မေတ္တာမျိုးဟု ဆိုရမည်။

"စိတ်ချပါအမေရဲ့ .... အမေ့သားလိမ္မာပါ့မယ်ဗျာ"

ဟံသာက ပြုံးရယ်ရင်းပြောတော့ စိတ်မကောင်းမှုကြောင့် ဖျော့တော့နေတဲ့အမေ့မျက်နှာလေး လန်းလာပါသည်။ သို့သော် မျက်လုံးတွေကတော့ မလန်းဆန်းလေပါ။

"သားအဖေကိုရော နှုတ်မဆက်ဘူးလား"

အမေပြောလိုက်မှ ဟံသာ့မျက်လုံးတွေက အိမ်ဝန်းကျင်ကို မသိမသာထောက်လှမ်းရင်း အဖေ့ကိုရှာမိသွားသည်။

လွန်ခဲ့တဲ့တစ်ပတ်။ ပြောင်းရွေ့ခွင့်ကျပြီလို့ပြောတဲ့နေ့ကစပြီး ဒီနေ့အထိ ဟံသာနဲ့အဖေ မျက်နှာချင်းမဆိုင်ရသေး။

အဖေကလည်းမလျှော့သလို၊ ဟံသာကလည်းထို့အတူပင်။ တင်းခံနေကြဆဲ။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now