အပိုင်း(၂၇)

10.1K 1.3K 67
                                    

နှလုံးသားရဲ့စကားသံကိုနားထောင်ပါ .....

နန်းယဉ်ဟွမ် တုန်တုန်လှုပ်လှုပ်နဲ့ စိုင်းခွန်နာမည်ကိုသာတနေသည်။

ဟိုးလွန်ခဲ့တဲ့ညက ဟံသာ့ဆီတစ်ညလုံး စိုင်းခွန်ရောက်နေခဲ့တာနဲ့ပတ်သက်ပြီး နန်းယဉ်ဟွမ်အဖြေမှန်မကြားရသေး။

နှစ်ယောက်သားရဲ့ဆက်ဆံရေးကိုသံသယဝင်ခဲ့မိပေမယ့် အခုဝောာ့ရှင်းသွားပြီ။

"ဆရာဟံသာကစေ့စပ်တော့မှာလား"

နန်းယဉ်ဟွမ်ကြားသွားတာကိုဟံသာသိသည်။

နန်းယဉ်ဟွမ်သိရင် ဒေါ်ကြာမှိုပါသိမည်။ ဒေါ်ကြာမှိုပါသိရင် ဒီအကြောင်းတွေကို စိုင်းခွန်ထပ်ကြားရဦးမည်။

သက်ပြင်းချရင်း စိတ်ပျက်လက်ပျက်ထိုင်နေမိ၏။

ဖြစ်နိုင်ရင် စိုင်းခွန်ကိုစိတ်မညစ်စေချင်တာအမှန်ပင်။

ကိုယ်ပြောင်းလဲလို့မရတဲ့ကံကြမ္မာတစ်ခုကို ရှောင်ကွင်းလို့မရလည်း ပြေးတွေ့ရင်ဆိုင်လိုက်ရုံပင်။

"ခဏလေးတော့သည်းခံပေးပါခွန် .... အနာဂတ်မှာမင်းကိုစိတ်ချမ်းသာအောင်ထားနိုင်ဖို့ ကိုယ်ကြိုးစားပါ့မယ်"

🌸🌸

နန်းယဉ်ဟွမ်အိမ်ရောက်တော့ စိုင်းခွန်ကပန်းခြံထဲရောက်နေပြန်သည်။

တစ်စုံတစ်ခုကိုမေ့ဖျောက်ထားနိုင်ဖို့ ပန်းတွေအပင်တွေနဲ့အချိန်ဖြုန်းနေသလို အမြဲတမ်းပန်းခြံထဲမှာပဲ နေနေတတ်သည်။

"အစ်မပြန်လာပြီလား"

စိုင်းခွန်ရဲ့ နီရဲမို့ဖောင်းနေတဲ့မျက်လုံးတို့က နန်းယဉ်ဟွမ်ရင်ကိုဆောင့်ကန်လိုက်သလိုပင်။

"အုပ်အုပ် မောင်လေး"

"ဗျာအစ်မ"

စကားဝါပန်းပင်အသစ်စိုက်ဖို့ မြေဆွနေရင်းထူးလိုက်သည်။

"ဘာမှမဟုတ်တော့ပါဘူး"

ဘာမှဆက်မပြောနိုင်ဘဲ နန်းယဉ်ဟွမ်ထွက်လာခဲ့သည်။

"အုပ်အုပ်ဘက်ကလည်းစိတ်ရှင်းမှာပါ .... ငိုထားတာလည်းမဖြစ်နိုင်ပါဘူး"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now