အပိုင်း(၂၀)

10.7K 1.4K 30
                                    

[Unicode+Zawgyi]

စိုင်းခွန်ရင်တွင်း ကြေကွဲမှုအပေါင်းတို့သည် ပြည့်ကျပ်လာသည်။ ငိုလို့လည်းမရ၊ ရှိုက်၍လည်းမရ တင်းကျပ်နေသောခံစားမှုကြီး။

ကြားခဲ့ရတဲ့စကားတို့သည် နားတွင်းမှပယ်ရှားထုတ်ဖယ်လို့မရအောင် အတင်းခိုကပ်နေသလို စိုင်းခွန်အဖန်ဖန်ပြန်ကြားယောင်နေ၏။

စေ့စပ်ပွဲ စေ့စပ်ပွဲ။

"အစ်ကိုကမိန်းကလေးတစ်ယောက်နဲ့စေ့စပ်တော့မှာလား ... ကျွန်တော် ကျွန်တော်ကရော မျှော်လင့်ချက်ဆိုတာတွေမရှိတော့ဘူးဆိုတော့ ဘာဆက်လုပ်ရမှာလဲ .... ကျွန်တော် ကျွန်တော် အစ်ကို့နောက်ထပ် ဘယ်သူ့ကိုမှထပ်ချစ်နိုင်မှာမဟုတ်ဘူး"

စိုင်းခွန်တစ်ယောက်တည်း တုန်ယင်စွာရေရွတ်သည်။

ထို့နောက် မျက်ဝန်းအိမ်ဆီမှ မျက်ရည်တို့ဟာ ဆည်ကျိုးပေါက်သကဲ့သို့ အတားအဆီးမရှိ လှိမ့်ဆင်းကြလာသည်။

စိုင်းခွန်ငိုနေလေပြီ။

ယောက်ျားတန်မဲ့ထပ်မငိုတော့ဘူးလို့ ကိုယ့်ရင်ထဲကိုယ်ရိုက်သွင်းခဲ့သမျှ 'ယောက်ျားလေးလည်းလူပဲ ခံစားချက်ရှိတယ်' ဆိုတဲ့ ချစ်ရသူရဲ့နှစ်သိမ့်စကားကြောင့် သူဒီနေ့ အားရပါးရငိုပစ်လိုက်လေ၏။

"သား"

"ဗျာ"

"မျက်နှာလည်းမကောင်းပါလား .... ဘာဖြစ်နေတုန်းပြောစမ်း"

"ဘာမှမဖြစ်ပါဘူးအမေ"

"အုပ်လေး .... သားမှာပင်ပန်းစရာတွေရှိရင် အမေ့ကိုရင်ဖွင့်လို့ရတယ် ကြိတ်မခံစားပါနဲ့ကွယ်"

စိုင်းခွန်ပြုံးရုံမျှပြုံးပြလိုက်သည်။

ကျွန်တော်ပြောပြလိုက်လို့ အမေထပ်နာကျင်ရရင် ဒီတစ်ခါ ကျွန်တော်တကယ်သေမှာ

စိုင်းခွန်စိတ်ထဲတွေးလိုက်သည်။

အသည်းကွဲရင်ပျောက်တဲ့ဆေးမှမရှိသေးတာ။ စိုင်းခွန်ကတော့ ဒီတစ်ခါဟံသာ့ကိုဦးအောင်ရှောင်လေသည်။

မြင်နေရရင် နှစ်ဆနာကျင်တာမို့လို့ မတွေ့ဖြစ်အောင်ကြိုးစားနေသည်။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now