အပိုင်း(၃၅)

8.8K 1.1K 20
                                    

[Unicode+Zawgyi]

မနက်စောစောမှာ ပိုးဥတစ်ယောက် စိုင်းခွန်အိမ်ရောက်နေသည်။ ဝေလီဝေလင်းမြူဆိုင်းနေချိန်ကတည်းက ဧည့်ခန်းထဲမှာငုတ်တုပ်။

"ဒွေးလေး စိုင်းခွန်မနိုးသေးဘူးလား"

"ခုတင်နှိုးခဲ့တယ်ပိုးဥရေ .... အလုပ်မသွားဘူးဆိုပြီးထိုးအိပ်နေလို့"

ပိုးဥကမျက်နှာဆူဆူပုတ်ပုတ်နဲ့ထိုင်စောင့်နေသည်။

ခဏကြာတော့ လှေကားကနေစိုင်းခွန်ဆင်းလာသည်။

"မြန်မြန်လာပါကိုယ်တော်ချောရယ် .... ဂျိုဆွန်းခေတ်ကမိဖုရားလို လှုပ်လီလှုပ်လဲ့နဲ့"

ပိုးဥရဲ့မကျေမလည်ရန်တွေ့ချက်ကို စိုင်းခွန်ရယ်သည်။

"စာအုပ်ထုတ် လိုက်မှတ် သိချင်တာမေး လိုက်မှတ်"

ဆရာကြီးဂိုက်ဖမ်းနေတဲ့စိုင်းခွန်ကိုကြည့်ရင်း ပိုးဥစိတ်တိုလာလေသည်။

ပန်းပွင့်အကြောင်းpresentationရှိ၍ စိုင်းခွန်ထံအားကိုးတကြီးနဲ့ ပိုးဥလာခဲ့ခြင်းဖြစ်သည်။

ဒါကို အမြဲစောင့်ရအောင်လုပ်တတ်တဲ့စိုင်းခွန်ကြောင့် ပိုးဥဒေါသထွက်ရတာအဆန်းမဟုတ်။

"ကြာပန်းကဘယ်နှမျိုးရှိတာလဲ"

"ငါးမျိုး .... ကြာဖြူ၊ ကြာနီ၊ ကြာညို၊ ကုမုဒြာနဲ့ ပုဒ္ဓမ္မာ"

"ကြာပန်းကဘယ်တုန်းကတည်းကရှိတာလဲ"

ဘောပင်လေးကိုင်ကာ စိုင်းခွန်ရဲ့အဖြေကို မျှော်လင့်ကြီးကြီးနဲ့ ပိုးဥစောင့်နေသည်။

"ကြာပန်းကကမ္ဘာမြေကြီးပေါ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်းသန်းကျော်ကတည်းကရှိတာ အဲ့တုန်းကလူသားမျိုးနွယ်တွေမမွေးဖွားသေးဘူး"

"ပွင့်တဲ့အချိန်ကရော"

"မနက်ခင်းပိုင်းမှာပွင့်တယ် .... ကုမုဒြာကြာတစ်မျိုးပဲညဘက်ပွင့်တာ ၃နာရီပဲခံတယ်"

စာအုပ်ထဲတကုပ်ကုပ်နဲ့ ပိုးဥကလိုက်မှတ်လေသည်။ စိုင်းခွန်ကတော့ ဖုန်းကြည့်လိုက် ပြုံးလိုက်နဲ့။ ပိုးဥကတော့ လှမ်းခိုးကြည့်ရတာအမော။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now