အပိုင်း(၄၈)

8K 960 23
                                    

[Unicode+Zawgyi]

ထာဝရထက်ပိုတဲ့ကာလနှစ်တွေအထိ ကိုယ်တို့ရဲ့ချစ်ခြင်းဟာ တည်မြဲပါစေသား ....

"Congratulationsပါငါ့သူငယ်ချင်းကြီး"

"ကျေးဇူးပါကွာ"

"နောက်ဆုံးတော့ မင်းအဖေသဘောတူခဲ့ပြီ .... မင်းအတွက်တကယ်ဂုဏ်ယူတယ် .... ငါ့အမေတောင်ပြောလိုက်သေးတယ် ဟံသာကထူးဆန်းတယ်တဲ့"

"အေး ဆန်းတယ်ဆိုတော့လည်းဆန်းတယ်ပေါ့ကွာ"

ဖြိုးမောက်တို့မိသားစုပိုင်တဲ့ cafeteriaအတွင်းမှာ ဖြိုးမောက်နဲ့ဟံသာနှစ်ယောက်သားစကားပြောနေကြသည်။

ခဏကြာတော့ ကိတ်မုန့်သွားရွေးနေရာကနေ စိုင်းခွန်ပြန်ရောက်လာသည်။

"Congratulationsနော်ညီလေး"

စိုင်းခွန်ကပြုံးပြကာခေါင်းညိမ့်လိုက်သည်။

"ဟွမ်လေးရော နေကောင်းတယ်မလား"

ဖြိုးမောက်ရဲ့မေးခွန်းက စိုင်းခွန်ရဲ့မျက်နှာကိုချက်ချင်းတည်သွားစေသည်။

"အဟမ်း .... ခင်ဗျားနဲ့နေ့တိုင်းအဆက်အသွယ်ရှိတယ်မဟုတ်ဘူးလား ဘာလို့လာမေးနေတာလဲ"

"အဲ့ဒါတော့အဲ့ဒါပေါ့ကွာ .... ဟို ဟွမ်လေးကအလုပ်တွေများအဆင်ပြေရဲ့လားလို့"

"သိချင်ရင်အစ်မကိုကိုယ်တိုင်မေးပါလားဗျ .... ကျွန်တော့်လာမမေးနဲ့ မဖြေဘူး"

ဘောက်ဆတ်ဆတ်ပြောပုံလေးကို ဟံသာတကယ်လွမ်းဆွတ်နေမိပါ၏။ အရင်ကဆို သူ့ကိုအကောင်းမမြင်တတ်တဲ့ကောင်လေးဟာ အခုတော့ သူ့ချစ်သူဖြစ်နေပြီ။ တွေးမိရင်းရယ်မိလိုက်တော့

"ဘာရယ်တာလဲဗျ"

"ဘာမှမဟုတ်ပါဘူးခွန်ရဲ့ တစ်ခုခုကိုတွေးမိသွားလို့ပါ"

ဖြိုးမောက်ကတော့ စိုင်းခွန်အလိုလိုက်အကြိုက်ဆောင်နေသည်။

စတော်ဘယ်ရီကြိုက်တဲ့စိုင်းခွန်အတွက် စတော်ဘယ်ရီများများပါတဲ့ကိတ်မုန့်ကို စားဖိုမှူးအား အထူးစပယ်ရှယ်ဖုတ်ခိုင်းသည်။

အစ်မကိုလိုချင်တော့လည်း မောင်ကိုမျက်နှာလုပ်ရတာပေါ့။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now