အပိုင်း(၂၆)

9.8K 1.3K 31
                                    

[Unicode+Zawgyi]

ပင်လယ်ရဲ့လှိုင်းတံပိုးတွေအောက်မှာ ရေစီးနဲ့မျောနေတဲ့လှေငယ်လေးဟာ တိတ်တဆိတ်ငိုကြွေးနေလေရဲ့ ....

'ကျွန်တော်တစ်ခုမေးမယ် .... အစ်ကိုဒီနေ့ ကျွန်တော့်ကိုဒီလိုလာပြောတာ အစ်ကိုစေ့စပ်မယ့် အစ်ကို့ဇနီးလောင်းသိရဲ့လား'

'ဟက် အစ်ကိုမဖြေနိုင်ဘူးမလား .... ကျွန်တော်က မကြာခင်စေ့စပ်ရတော့မယ့်သူကို ရင်အကွဲခံပြီးချစ်ရမှာလား'

'အမှန်တရားလား .... ယုတ္တိတော့ရှိဦးမှပေါ့ဗျာ ပိုင်ရှင်ရှိတဲ့သူက ....'

နားထဲမှာ စိုင်းခွန်ရဲ့စကားတွေကို ပြန်ကြားယောင်နေသည်။

"ပိုင်ရှင်တဲ့လား .... ခွန် မင်းသိဖို့ကောင်းတယ် ကိုယ်စေ့စပ်လိုက်လည်း ကိုယ့်နှလုံးသားပိုင်ရှင်က ထာဝရမင်းပဲဆိုတာ"

မနက်လင်းကတည်းကရောက်နေတဲ့ကုန်းမြင့်ကနေ ညနေစောင်းတဲ့ထိပြန်မဆင်း။

ဗိုက်ဆာတယ်၊ ရေဆာတယ်။

သို့ပေမယ့် အချစ်ကိုပိုဆာတယ်။ ဒါ့ကြောင့်လည်း အချစ်ထားခဲ့ရာနေရာမှာနေ‌နေသေးတာ။

🌸🌸

စိုင်းခွန် အိမ်မှာတော့ ဘယ်သူမှမရိပ်မိအောင် မျက်နှာထားကိုအတတ်နိုင်ဆုံးပြုံးထားသည်။ ရင်ထဲမှာမိုးတွေရွာနေရင်တောင် အပြင်ပန်းမှာတော့ မိုးဖွဲလေးတွေနဲ့စိုပြည်တဲ့ဝန်းကျင်ဖြစ်စေရမယ်လေ။

"မုန်းမွေးရီး .... ကတူးကတားဆန်တယ် ကျွန်တော်ဘယ်လိုဖြေရမလဲအစ်ကိုရဲ့"

{မုန်းမွေးရီး = မုန်းစရာကောင်းလိုက်တာ}
{ကတူးကတား = မိုက်ရူးရဲ}

"ကျွန်တော်တစ်ကိုယ်ကောင်းဆန်ချင်တယ် .... ချစ်နေတာကိုသိအောင်ပြောချင်တယ် ဒါပေမယ့် စေ့စပ်ပွဲဖျက်လိုက်ရင် တစ်ဖက်မိန်းကလေးရဲ့သိက္ခာတရားကျဆင်းမယ်ဆိုတာသိတယ် .... "

ကိုယ့်စိတ်ချမ်းသာမှုကို တစ်ဖက်သားစိတ်ဆင်းရဲမှုနဲ့မလဲနိုင်ဘူး

စိုင်းခွန် ဘီရိုထဲကပဝါလေးကိုထုတ်လိုက်သည်။ ခပ်ဖွဖွနှာခေါင်းနဲ့နမ်းရှုံ့ကြည့်တော့ ဘာအနံ့မှမရ။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now