အပိုင်း(၉)

11.9K 1.6K 38
                                    

[Unicode+Zawgyi]

ဟံသာနေတဲ့အိမ်က ရွာထိပ်ပိုင်းဘက်ရောက်တာမို့လို့ သွားရတာဝေးသည်။ ကုန်းမြင့်ဖြစ်သွားလိုက် မြေနိမ့်ဖြစ်သွားလိုက်နဲ့ ဆိုင်ကယ်လေးဟာတအိအိဆင်းနေ၏။

"ဆင်းတော့"

စိုင်းခွန်ရဲ့ခပ်ပြတ်ပြတ်အသံအဆုံး ဟံသာ ဆိုင်ကယ်ပေါ်ကဆင်းလိုက်သည်။

ပြန်လှည့်ထွက်ဖို့ပြင်နေတဲ့စိုင်းခွန်ကိုကြည့်နေရင်း

"ခဏ .... ခဏလေးပါ"

ဟံသာကတားလိုက်သည်။

စိုင်းခွန်က မေးဆတ်ပြလိုက်တော့

"တောင်းပန်ချင်လို့ပါ .... ဟိုတစ်နေ့ကလေဆိပ်ကကိစ္စရော မြို့ထဲမှာကားနဲ့ငြိခဲ့တာရော တောင်းပန်ပါတယ်"

ဟံသာကသာတောင်းပန်စကားဆိုနေပေမယ့် စိုင်းခွန်ကလှည့်ပင်မကြည့်။

တစ်ဖက်ဆီသို့ မျက်နှာလွှဲထားပြန်သည်။

"အစ်ကိုမရည်ရွယ်ပါဘူး .... ညီလေးကို အစ်ကိုတောင်းပန်ပါတယ် ဖြစ်ခဲ့သမျှကိစ္စအတွက်"

စိုင်းခွန်က ဆိုင်ကယ်ပေါ်ကဆင်းလိုက်၏။

"အဟမ်း .... ကျွန်တော်ကမကျေနပ်ဘူးဆိုရင်ရော ...."

စိုင်းခွန်က မာထန်သောမျက်နှာထားနဲ့မေးလိုက်သည်။

ဟံသာမဖြေသေး။

ငေးနေ၏။ ငေးနေတာမှ မျက်တောင်မခတ်တမ်း။

လလည်းမသာပါ။ ကြယ်တွေလည်း တဖျက်ဖျက်လက်နေခြင်းမရှိ။

အိမ်ရှေ့မှာစိုက်ထူထားတဲ့စတီးမီးတိုင်ရဲ့အလင်းရောင်ကိုသာ မှီတည်၍ စိုင်းခွန်ရဲ့မျက်နှာကို ဟံသာငေးနေပါသည်။

ဘာ့ကြောင့်ငေးနေမိတာပါလဲ။

ဟံသာတောင်သိနိုင်မည်မထင်။

"ခင်ဗျားဘာကြည့်တာလဲ"

အော်လိုက်မှ အသိသတိကပ်သလို

"ဪ .... ဘာမှမကြည့်ပါဘူး ညီလေးကတကယ်မကျေနပ်ဘူးလား"

"ခင်ဗျားကကျွန်တော့်ကိုထိခိုက်အောင်လုပ်ခဲ့တာ နှစ်ကြိမ်တောင်လေ"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now