အပိုင်း(၁)

37.1K 2.4K 33
                                    

[Unicode+Zawgyi]

ဆေးရုံတစ်ရုံ၏ emergencyခေါ် အရေးပေါ်ကုသဆောင်တွင်ဖြစ်သည်။ ဆရာဝန်၊ သူနာပြုများ အပြေးအလွှားလှုပ်ရှားနေချိန်တွင်

"ကယ်ကြပါဦး ကယ်ကြပါဦး .... ကျွန်မညီမလေးကိုကယ်ကြပါဦး"

စူးရှတဲ့အသံပိုင်ရှင်မိန်းမတစ်ယောက်ဟာ အရေးပေါ်ကုသဆောင်အပေါက်ဝ၌ အော်ဟစ်လိုက်သည်။

အနီးအနားဝန်းကျင်ကလူတွေ ထိုမိန်းမဆီအာရုံရောက်ချိန်မှာတော့ ထိုမိန်းမဟာမျက်ရည်တွေကျနေရင်း အခြားမိန်းမငယ်တစ်ယောက်ကို ချီပွေ့ထားသည်။

"ကယ်ပါဦး ကျွန်မညီမလေးကို .... ကယ်ပါ"

ဆရာဝန်တွေ၊ သူနာပြုတွေတရုန်းရုန်းရောက်လာပြီ။

"လာ လာ .... ဘယ်လိုဖြစ်တာလဲ"

သူနာပြုရဲ့အမေးကိုမဖြေနိုင်သေးသောထိုမိန်းမဟာ ကုတင်ရှိရာသို့သာ ဦးတည်သွားနေသည်။

တာဝန်ကျဆရာဝန်က နှလုံးခုန်နှုန်းအရင်စစ်လိုက်ရင်း

"သွေးခုန်နှုန်းအရမ်းကျနေတယ် သွေးထွက်ကလည်းလွန်နေတယ် .... အက်ဆီးဒင့်တစ်ခုခုဖြစ်ခဲ့လား"

ထိုမိန်းမသည် မေးခွန်းမေးတဲ့ဆရာဝန်ကိုကြည့်လိုက်ရင်းက

"အက်ဆီးဒင့်ဖြစ်တာပါ .... သတ်သေဖို့ကြိုးစားတာ"

ပြန်ဖြေပြီး 'ဟင့်' ခနဲနေအောင် ငိုချလိုက်သည်။

ဆရာဝန်က ခေတ္တမျှငြိမ်သက်သွားပြီးနောက်

"ဒေါက်တာမြဲရှိလား .... ဒေါက်တာမြဲကိုလိုက်ရှာလိုက်ပါ သူ့လူနာရောက်နေတယ်လို့"

သဘောပေါက်နားလည်ဟန်နဲ့ ခေါင်းညိမ့်ပြလိုက်တဲ့သူနာပြုလေးဟာ ထိုနေရာကနေအပြေးထွက်သွားပြီး ဒေါက်တာမြဲဆိုသူရှိရာသို့ ရှာပုံတော်ထွက်ခဲ့သည်။

"ဒေါက်တာမြဲ"

အမောတကောအသံနဲ့ခေါ်သံကြားရာကို ဒေါက်တာမြဲလှည့်ကြည့်လိုက်သည်။

ရေးလက်စ လက်ထဲကမှတ်တမ်းစာအုပ်ကို အနီးကစားပွဲပေါ်တင်လိုက်ရင်းက

"ဘာကိစ္စများဖြစ်လို့လဲ"

"ဒေါက်တာမြဲလူနာ ဒေါက်တာမြဲလူနာ"

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now