အပိုင်း(၃၄)

8.9K 1.1K 38
                                    

[Unicode+Zawgyi]

"အခြောက်ကလေး"

"ပန်းချစ်တယ်ဆိုတော့ အခြောက်ကလေးပေါ့"

"ဖြူဖက်ဖက်လေးနဲ့ချစ်စရာကောင်းတယ်ကွာ"

"ခါးလေးလှုပ်ကာလမ်းလျှောက်သွားတိုင်း ကောင်လေးတွေကြည့်တယ် ဟေ့"

ဒီစကားတွေဟာ စိုင်းခွန်နားနှစ်ဖက်လျှံမကျရုံတမယ် ကြားနေရသည်။

ပူထူနေဝာဲ့မျက်နှာ၊ ဖြတ်ရိုက်ခံထားသလိုအားမရှိတော့တဲ့ခြေထောက်တွေ၊ ချွေးတွေပါပြန်လာလေပြီ။

အမှောင်ထဲမှာစမ်းတဝါးဝါးလျှောက်နေရသလို အရာရာဟာကြောက်စရာကောင်းနေသည်။

စိုင်းခွန်ပြေးသည်။ ပြေးလေဝေးလေမဟုတ်ဘဲ ပြေးလေပိုနီးလာလေဖြစ်တဲ့စကားသံတွေ။

ယောက်ျားသံတွေနဲ့ 'အခြောက်' ဆိုတဲ့စကားကို တွင်တွင်သုံးပြီး စိုင်းခွန်ကိုလှောင်သည်။

နောက်တစ်ခါ မိန်းမသံတွေ။

သူတို့က စိုင်းခွန်ကို

"ဝဋ်ကြွေးတွေပေါ့အေ" လို့တစ်မျိုး

"အတိတ်ဘဝက သူတစ်ပါးသားမယားပြစ်မှားခဲ့ရင် ဒီဘဝဒီလိုဖြစ်တတ်တယ်" လို့တစ်သွယ်

"ယောက်ျားစင်စစ်ဖြစ်ပါလျက် စိတ်နဲ့ခန္ဓာတစ်ထပ်တည်းမကျရှာဘူး" လို့တစ်ဖုံ။

စိုင်းခွန်နာသည်။ နှလုံးသားထဲကနာသည်။ အရှင်လတ်လတ်ရင်ကိုဆွဲခွဲပြီး သွေးစိမ်းရှင်ရှင်ပန်းထွက်လာတာကို သရော်ပြုံးနဲ့ထိုင်ကြည့်နေကြသလို။

စိုင်းခွန်ခေါင်းခါသည်။ 'မဟုတ်ဘူး' လို့ အကျယ်ကြီးအော်ငြင်းသည်။

သို့ပေမယ့် စိုင်းခွန်ရဲ့စကားတွေက အရာမရောက်ချေ။ ထိုယောက်ျား၊ မိန်းမ လူအုပ်စုရဲ့အသံတွေကိုမလွှမ်း။

လှောင်ပြောင်ကြတဲ့သူတို့တစ်တွေရဲ့စကားလုံးကြမ်းကြမ်းတွေအောက်မှာ စိုင်းခွန်အကြိမ်ကြိမ်လဲကျသည်။ ပြန်ထသည်။ လဲကျသည်။ ပြန်ထသည်။ လဲကျသည်။ ပြန်ထသည် .....

"မဟုတ်ဘူး!!!!"

ကျယ်လောင်တဲ့အော်သံနဲ့အတူ စိုင်းခွန်လန့်နိုးလာသည်။ နိုးလာတဲ့အထိ နားထဲမှာ ထိုလှောင်ပြောင်သံတွေက တရိပ်ရိပ်နဲ့ကြားနေရတုန်း။

ချစ်ခြင်းတရားတို့မြစ်ဖျားခံရာWhere stories live. Discover now