Arc-2.5(ညှိုး)

3.2K 386 4
                                    

Unicode

လင်းရောင်တစ်ယောက်မိုးလင်းထဲကလူကိုဘေးကနေပွစိပွစိပြောပြီး ခန္ဓာကိုယ်တစ်ခုလုံးကိုအပူပေးလိုက် လျှပ်စစ်ရိုက်လိုက် အပ်နဲ့ထိုးလိုက် အမျိုးမျိုးလုပ်နေတဲ့ အိမ်စေထိန်းနဲ့လူတစ်စုကြောင့်စိတ်ညစ်နေရပေသည်။ သူမတို့ကသူ့ကိုရောဂါဆိုးတစ်ခုလိုသာဆက်ဆံသည်။ သူ့အခန်းထဲဝင်ကာနီးဆို PPE ဝတ်စုံလိုမျိုးအဝတ်အစားစုံစွာဝတ်ဆင်လာတတ်သည်။

"သခင်လေးလင်း ကိုယ့်ကိုယ်ကိုရောဂါသည်
တစ်ယောက်ဆိုတာမေ့မထားရဘူး...အဲ့ဒီကောင်မလေးဆုနဲ့လည်းအဝေးကနေ သူ့ကိုမသေစေချင်ရင်ပေါ့...ကိုယ့်အခြေအနေကိုယ်သိပါသခင်လေး"

ဒီလိုကြီးပဲပြောတာအခါနှစ်ဆယ်ပင်ကျော်နေပြီ...ခုထက်ထိပြောမဆုံးသေး...ယခင်လင်းရောင်သာဆိုတစ်ခွန်းမကျန်ပြန်ပြောပြီး စိတ်ထိခိုက်ကာ အားငယ်စိတ်ကနေစိတ်ကျရောဂါဖြစ်သွားနိုင်ပေသည်။

သို့ပေမဲ့လက်ရှိကလင်းရောင်မဟုတ်ညှိုးပင်..
ဒီလေါက်စော်ကားနှိမ့်ချမှုတွေကသူ့အတွက်ဘာမှမဟုတ်...သူ့ကိုအဖေကမချစ်ရင်တောင်ချစ်ပေးမဲ့ညီမရှိနေပြီလေ...ဟိုနှစ်ကောင်ကတော့စောင့်ကြည့်ပဲပေါ့...

သူမဘာပြောပြောအရင်လိုတစ်ခွန်းမကျန်ပြန်ခံမပြောပဲ အသက်မပါသလိုသာနေနေသည့် သခင်လေးကြောင့်သူမဒေါသထွက်လာရသည်။ အရင်ကဆိုဘာပြောပြောအာရုံစိုက်နေတတ်သည်။ ယခုမှာတော့ နားဝင်ဟန်ပင်မရှိ အလုံပိတ်ထားတဲ့ပြတင်းပေါက်ကိုသာတွေတွေလေးငေးနေပြီး သူမပြောသမျှကဟိုဘက်နားကဝင်ဒီဘက်နားကထွက်ဖြစ်နေသည်။

ဒေါသထွက်လာကာလင်းရောင်၏အရိုးသာရှိတဲ့ပခုံးကိုဆုပ်ကိုင်ပြီး
"ဒီမှါလူကြီးပြောတာကိုအာရုံစိုက်...မသေချင်ဘူးမလားဟမ်...ခွေးလိုတောင်ဘယ်သူမှမင်းကိုစောင့်ရှောက်ချင်စိတ်မရှိဘူး သိလား...မင်းအဖေကတောင်မင်းကိုမလိုချင်လို့လှည့်တောင်မကြည့်တာ" ဆိုပြီးငေါက်လိုက်တော့ သူမကိုမျှော်လင့်ချက်မဲ့တဲ့အကြည့်နဲ့ကြည့်လာတဲ့ လင်းရောင်ကြောင့်ယိုင်နဲ့သွားပေသည်။

ထပ်မံ၍ခံစားချက်မပါတဲ့အသံဖြင့် "ဒေါ်သုမာ ခင်ဗျားကသခင်လားကျုပ်ကသခင်လား..."

I am a System30 (series1)Where stories live. Discover now