Happy Holloween Day

1K 123 22
                                    


Arc-4.15(ညှိုး)

Unicode

ဆူရွန်ဘာကြောင့်မှန်းမသိအိပ်ပျော်သွားပြီးသတိရလာသောအခါသူကအခန်းကြီးတစ်ခန်းထဲသို့ရောက်နေပြီးကုတင်တိုင်ဖြင့်လက်နှစ်ကိုချည်နှောင်ထားခြင်းခံရသည်။ တစ်ခန်းလုံးမှောင်မဲနေပြီးပြတင်းပေါက်လိုက်ကာကြားမှထိုးထွက်လာသည့်လရောင်အနည်းငယ်သာရှိသည်။ အသံပြုကာနီးတွင်ပါးစပ်၌တစ်ခုခုရှိနေပြီးအသံထွက်လို့မရပေ။

လှုပ်ရှားလို့ရသည့်ခြေထောက်နှစ်ချောင်းဖြင့်အားကုန်ဆောင့်ရုန်းကာလွတ်အောင်လုပ်ပေမဲ့ ဘာကိစ္စမှန်းမသိစွမ်းအင်ထုတ်၍မရဘဲ အားလည်းယုတ်လျော့နေသည်။ ကူရာမဲ့နေတုန်း30ကိုမေးလိုက်သည်။

'30ငါသေတော့မှာလား...ဒါမှမဟုတ်...ငါ့ကိုမသေမရှင်ဒဏ်ရါတွေပေးပြီးနှိပ်စက်မှာလား...အဲ့ဒါဆိုငါ့ကိုmissionရှုံးလည်းရှုံးပါစေ ခန္ဓာကိုယ်ထဲကမြန်မြန်ခေါ်ထုတ်သွားပေးနော်...'

30၏အသံကတစ်မျိုးထူးဆန်းနေသည်။
ဝမ်းသာရိပ်ပြည့်နက်သည့်အသံဖြင့်ပြောနေသည်။ <"စိတ်သာချ...">

ခြေသံကြောင့်အသံလာရာကြည့်မိတော့လူငယ်လေးတစ်ယောက်ဖြစ်ဟန်တူသည့်သူကိုတွေ့လိုက်ရသည်။ သို့ပေမဲ့မှောင်မဲနေသည်မို့မည်သူမှန်းမသဲကွဲပေ။

'30ငါနဲ့အတူလာတဲ့ဘရိုက်ကောဘယ်မှာလဲ' ရုတ်တရက်ရင်ထဲတွင်ဘရိုက်ဘာမှမဖြစ်ဖို့သာဆုတောင်းနေမိသည်။

ထိုလူကအရှေ့တိုးလာပြီးကုတင်ပေါ်တက်ကာဆူရွန့်၏မျက်နှာနားသို့တိုးကပ်လာသည်။

'ဟင်ဒီအနံ့...စပျစ်ဝိုင်အနံ့ကြီးသောက်ချင်လာပြီ...'
30ထံမှလက်ခလယ်ကိုဘာကြောင့်မှန်းမသိရရှိလိုက်သည်။
ငါနဲ့ဦးကစပျစ်ဝိုင်ဖူးစာမို့လို့ပါဟာ...

ထိုသူ၏လက်ကဆူရွန့်၏ပါးပြင်ပေါ်ရွေ့လျားနေပြီးပါးပြင်မှတဆင့်ရင်ဘက်တစ်ဝှိုက်ရွေ့လျားနေပြီးအထိမခံနိုင်သည့်နေရာများကိုကျော်ကာမထိတထိစနှောက်နေသည်။ ဆူရွန်မနှစ်မြို့သလိုဖြစ်ကာပြန်လည်ခုခံချင်ပေမဲ့အရေးမသာပေ။
ဒါနဲ့..ငါ့အင်္ကျီရော...

I am a System30 (series1)Where stories live. Discover now