Arc-3.24(ညှိုး)(final)

2.4K 238 14
                                    

Unicode

မြင့်မားတဲ့တောင်တန်းကြီးတွေပေါ်ကနေလှစ်ခနဲလှစ်ခနဲဖြတ်ပြေးသွားတဲ့အရိပ်တစ်ခု...သဲသဲကွဲကွဲမမြင်ရပေမဲ့တစ်ယောက်တည်းတော့ဖြစ်ဟန်မတူ...

ဆွေ့ဟောင်ဒါ့သူ့ရင်ခွင်ထဲ၌တုန်ရီနေသောကောင်လေးကိုငုံ့ကြည့်ပြီး ဝမ်းသာတစ်ဝက်ဝမ်းနည်းတစ်ဝက်ခံစားနေရသည်။ ဒါပေမဲ့ကောင်လေးအသိစိတ်မရှိတဲ့အချိန်အခွင့်အရေးယူမိလို့ကောင်လေးစိတ်ဆိုးမှာလည်းစိုးရိမ်မိသည်။

ကောင်လေးရဲ့အပိုင်နယ်မြေထဲသို့ရောက်မှအရှိန်လျော့ချလိုက်ပြီး ကောင်လေးကိုသက်သာစေဖို့တစ်ခုခုလုပ်ပေးရန်ပြင်ဆင်လိုက်သည်။ ကောင်လေးရဲ့အပေါ်ဝတ်ချွတ်ပြီးတဲ့နောက်မှာထင်ရှားတဲ့ညှပ်ရိုးလေးနှစ်ခုကပေါ်လာသည်။

အတွင်းဝတ်, ဝတ်စုံကိုဆက်ချွတ်ကာနီးမှာချွတ်ရကောင်းနိုး မချွတ်ရကောင်းနိုးဖြင့်တွေဝေနေမိသည်။ နောက်ဆုံးတော့စိတ်ဒုံးဒုံးချပြီးချွတ်လိုက်ဖို့သာဆုံးဖြတ်လိုက်သည်။ ထိုအချိန်မှာကောင်လေးရဲ့လက်အစုံကသူ့ရဲ့လှုပ်ရှားနေတဲ့လက်ကိုတင်းတင်းဆုပ်ကိုင်လာသောကြောင့်လှုပ်ရှားမှုကိုရပ်တန့်လိုက်သည်။ တစ်ခုခုကိုပြောချင်နေတဲ့အတွက်အားယူနေသည့်ကောင်လေးရဲ့နုတ်ခမ်းကဖြူလျော့နေသည်။

"ဦး...ချစ်လား...ဟာ့..."

<"host ဟုတ်တယ်အဲ့လိုလေးမေးလိုက် သူပြန်ဖြေရင်missionတစ်ဝက်အောင်ပြီ">
'အပေါက်ပိတ်'

~ချစ်လားဆိုတဲ့စကားကြားရလို့ပျော်ပေမဲ့
~ဦးဆိုတာဘယ်ကောင်ကိုပြောတာလဲ ဦးဆိုတဲ့အဲ့ကောင်ကကောင်လေးနဲ့ဘယ်လိုပတ်သတ်လဲ...အသိအာရုံမရှိတဲ့အချိန်ပြောတာမို့ ပိုပြီးခံစားနေမိသည်...
အနက်ရှိုင်းဆုံးပတ်သတ်မှုရှိရင်တောင်မရ,ရအောင်ရှာပြီးနုတ်နုတ်စင်းသတ်ပစ်မယ်...

"ဆွေ့ဟောင်...ဒါ့ ခင်ဗျားကို​..အ့..​မေးနေတယ်လေ...ချစ်လား...လို့"

သူ့ရဲ့နှလုံးသားတည့်တည့်ကိုအဲ့စကားလုံးကထိမှန်သွားသည်။ သူ့ကိုပြောတာဟ...ဝိဉာဥ်နဲ့ခန္ဓာမကပ်တော့ဘူး...မိနစ်ပိုင်းလောက်ဆွံ့အနေပြီးမှ...တစ်ခုခုထူးဆန်းနေတာကိုသတိထားမိသည်။ ကောင်လေးကစကားမပြောနိုင်ဘူးမလား?!....

I am a System30 (series1)Where stories live. Discover now