Arc-5.4(ခါမာလာ)

571 36 4
                                    

5.4

Tနိုင်ငံရှိအဖွဲ့အစည်းတစ်ခုက လက်နက်မှောင်ခို၊ ဘိန်းမှောင်ခို တင်သွင်းနေကြသည်ဟုသတင်းရထားသည်။ သို့သော်တစ်ကြိမ်မှဖမ်းမမိပေ။ ဒါကရာထူးကြီးတဲ့သူတွေမပါရင်ဤလိုဖမ်းမမိတာကမဖြစ်သင့်ပေ။ ဤလုပ်ငန်းတွေရဲ့နောက်မှာ တစ်ယောက်ယောက်၊ အဖွဲ့အစည်းတစ်ခုခုကရှိနေလိမ့်မည်။ ငွေတုကိစ္စကလည်းရှိနေသေးသည်။

နောက်ဆုံးအခြားဘေးနိုင်ငံတွေနှင့် ဘိန်းအများဆုံးပျံ့နှံ့ခံနေရတဲ့နိုင်ငံတွေက ထိုအချက်နဲ့ပတ်သတ်ပြီးWDကိုသတင်းပို့ခဲ့သည်။ WDကထိုကိစ္စကိုထမ်းဆောင်ရန်ကလေးတွေထဲမှထူးချွန်သူတွေကိုသူတို့အနံ့ရရာနေရာမှာသူလျှိုအဖြစ်ထည့်ထားလိုက်သည်။

Tနိုင်ငံကအာဏာရှိသူတွေကအရမ်းချမ်းသာပေမဲ့သာမာန်လူတွေကတစ်နေ့လုပ်တစ်နေ့စားပင်။

နွန်းလေယာဥ်ပေါ်တက်လိုက်သည့်အခိုက်အတန့်၌သူ့ရဲ့စိတ်အစုံကတစ်နေရာသို့ရောက်နေပေသည်။

အဲ့စောက်ရူးကောင်ကတော့ သူမရှိတော့သာယာနေမှာပဲ။ လွန်ခဲ့၃လ သူWDပြန်မရောက်ခင်တုန်းကအတိတ်မေ့နေတယ်ကြားလို့သွားချောင်းကြည့်ဖူးသည်။ အဲ့တုန်းကအဲ့ကောင်ကလူရုပ်သူရုပ်ပိုပေါက်လာတဲ့အပြင် တချိန်လုံး ခွေးပွဲစားလိုလို နွားပွဲစားလိုလို ပြုံးဖြီးနေတာ...

စိတ်ရှုပ်စွာနဲ့အိပ်လိုက်တာ Tနိုင်ငံရောက်မှနိုးသည်။ စစ်တပ်ကသူနဲ့ရင်းနှီးတဲ့သူတစ်ယောက်ကသူ့ကိုဂျစ်ကားနဲ့လာကြိုသည်။ ထိုသူကစကားပြောရတာအလွန်နှစ်ချိုက်သည်။

"ခါမာလာဆိုတဲ့တစ်ယောက်လေ ဒုတပ်မှူးရဲ့ရန်ဖက်မလား? သူကအခုချိန်မှာမကောင်းသတင်းတစ်ခုထွက်နေတယ်"

သူမရှိတဲ့အချိန်တွင်းဘာတွေဖြစ်ကုန်တာလဲ?

"ပြောပြ"

ထိုတပ်သားကစိတ်လှုပ်ရှားစွာဖြင့်...
"ခါမာလာဆိုတဲ့အရာရှိက သူတို့အဖွဲ့ခေါင်းဆောင်ရဲ့ပေါင်ကိုအမိအရဖက်ထားပြီး ယောကျာ်းခြင်းမလုပ်သင့်တာတွေလုပ်နေတယ်တဲ့ ခါမာလာကို အဲ့ဒါလို့မထင်ထားဘူး"

တပ်သားလေးကထိုသို့ပြောကာ..."အဲ့ဒါတွေကမဖြစ်သင့်ဘူး ဥပဒေကလည်းခွင့်မပြုဘူး ရွံစရာကောင်းတယ်လို့မထင်ဘူးလား?"

I am a System30 (series1)Where stories live. Discover now