Arc-5.2(ခါမာလာ) {The wrong person}

585 44 5
                                    

The wrong person

5.2

ခါမာလာ စံအိမ်တစ်ခုရှိဧည့်ခန်းထဲတွင်ကျုံ့ကျုံ့လေးထိုင်နေသည်။

ဒီအိမ်ရဲ့အငွေ့အသက်ကနေချင်စဖွယ်လှပနေပေမဲ့ခံစားချက်ကအေးစက်နေသည်။ သူ၄ကမ္ဘာလောက်ဖြတ်သန်းဖူးပေမဲ့ဒီလိုအိမ်မျိုးကိုမကြုံဖူးပေ။

ဒါရိုက်ဘာကသူ့ကိုအိမ်ထဲအထိပို့ပေးပြီးတိတ်တဆိတ်ထွက်သွားလေသည်။ အိမ်တော်ထိန်းဆိုသူကရေနွေးကြမ်းတစ်အိုးချပေးကာပျောက်သွားပြန်သည်။

အတော်အကြာစောင့်ပြီးမှကားတစ်စီးကအိမ်ရှေ့ဆင်ဝင်သို့ထိုးဆိုက်လာကြောင်းအသံကြားလိုက်ရသည်။ သူထသွားချင်တယ်...ဒါပေမဲ့ကြောက်နေတယ် ပြီးတော့သူ့ခန္ဓာကိုယ်ကတည်ငြိမ်နေတယ်။ အပြင်ပန်းကကြည့်ရင်တည်ငြိမ်အေးဆေးနေတယ်လို့ထင်ရလောက်မည်။ ဒါပေမဲ့သူ့ရင်ထဲမှာစိုးရိမ်ကြောက်လန့်နေတာသူကိုယ်သာအသိဆုံးပင်။

မကြာမီပင် ဆယ်ကျော်သက်ကလေး၂ဦးနှင့်ယှဥ်ပြီးဝင်လာတဲ့ သူကိုတွေ့လိုက်ရသည်။

"အာ စောင့်ရတာကြာသွားပြီလား ကိုယ်တောင်းပန်ပါတယ်"
ထိုသူရဲ့အေးစက်တဲ့အငွေ့အသက်ကခါမာလာကိုမြင်တော့ပျောက်ကွယ်သွားသည်။

ခါမာလာလည်းစိုးရိမ်နေမှုတွေကအလုံးစုံမပျောက်ကွယ်သွားပေမဲ့ ရင်းနှီးတဲ့သူကိုတွေ့လိုက်ရတော့ရင်ထဲကအလုံးကြီးကျသွားသည်။

"ဟုတ်ကဲ့ခင်ဗျ တော်တော်ကြာပါပြီ အရာရှိကြီး"

"ဦးလို့ခေါ်လို့ရပါတယ်"
သူပြင်ပေးလိုက်သည်။

"ဦး..." ခါမာလာကကြည်နူးမှုအပြည့်ဖြင့်ခေါ်လိုက်သည်။ သူရှာနေတဲ့သူကိုတွေ့ပြီထင်တယ်။

"သူတို့က..."
အမွှာ၂ဦးကိုလက်ညှိုးထိုးကာမေးတော့...

"သြော်ဟုတ်သား..သူတို့ကဦးရဲ့သားတွေလေ...မင်းကအတိတ်မေ့နေတာကိုသတိမရဘူး ဟားဟား အစကနေပြန်မိတ်ဆက်တာပေါ့"
ဆိုပြီးသူ့သား၂ဦးကိုအရိပ်အမြွက်ပြလိုက်သည်။

ဦးလိုမျိုးဖော်ဖော်ရွေရွေရှိတဲ့တစ်ယောက်ကလက်အုပ်ချီကာ..."မင်္ဂလာပါ ကျွန်တော်ကသွန်ဂ်ဒမ် ချရီ ပါ အသက်၁၃နှစ်ရှိပါပြီ တွေ့ရတာဝမ်းသာပါတယ်အကို"
ထိုတစ်ယောက်ကပြုံးရွှင်စွာဆိုသည်။ ဒါပေမဲ့သူကပြုံးနေတဲ့မြွေဟောက်လိုလူပဲ...

I am a System30 (series1)Where stories live. Discover now