Arc-2.14(ညှိုး)

3.1K 349 28
                                    

Unicode

Blessနှင့်ဒေးဗစ်တို့နှစ်ဦးသား လင်းရောင်ကိုတစ်ခြံလုံးအနှံ့ရှာဖွေနေသည်မှာ2နာရီကျော်သွားပေသည်။ ခုထက်ထိရှာမတွေ့သေးပေ။ ထို့ကြောင့်Blessကအစိုးရိမ်လွန်ကာ သူဋေးကိုအကူညီတောင်းရန်ဆုံးဖြတ်လိုက်လေသည်။

သို့နှင့်..

"သခင်ကြီး ဧည့်သည်နှစ်ယောက်ကတွေ့ခွင့်တောင်းပါတယ်"

"ငါမတွေ့ချင်ဘူး"

"ဟုတ်ကဲ့ပါသခင်ကြီးး"

ထွက်သွားဟန်ပြင်နေတဲ့မောင်မျိုးကိုကြည့်ရင်းစိတ်ထဲဘာကြောင့်မှန်းမသိမတင်မကျဖြစ်နေပေသည်။

"မောင်မျိုး"

"ဟုတ်ကဲ့"

"ခေါ်လာခဲ့လိုက်..."

မောင်မျိုးကအထွဋ်မတက်ပဲ မကြာခင်အမျိုးသားတစ်ယောက်နှင့်မိန်းမငယ်လေးတစ်ဦးကိုခေါ်ဆောင်လမ်းပြလာခဲ့လေသည်။

ခြေသံတွေကြောင့်မော့ကြည့်မိတော့ရင်းနှီးနေတဲ့မျက်နှာပုံစံ...."မင်း..မင်းက"

"ကျွန်...မ..."

Blessအခန်းထဲဝင်လိုက်တော့ အရမ်းအဆင့်အတန်းမြင့်မားတဲ့အပြင်အဆင်ကြောင့်တအံ့တသြဖြစ်မိသည်။ ပြီးနှောက်သခင်ကြီးဆိုသူကိုကြည့်မိတော့...

သူမတစ်ကြိမ်သာမြင်ဖူးပေမဲ့ဘဝဆက်တိုင်းမေ့မရနိုင်တဲ့မျက်နှာပိုင်ရှင်...

သခင်ကြီးဆိုသူရဲ့သြဇာပြည့်ဝလှတဲ့အကြည့်တွေအောက်မှာသူမအသက်ပင်မရှူရဲချေ။ ဒုတိယအကြိမ်ပြန်လည်မွေးဖွားလာပေမဲ့ထိုသူရဲ့အရှိန်အဝါကိုမလွန်ဆန်ရဲသေးပေ။ အထစ်ထစ်အငေါ့ငေါ့ဖြင့်သာ...

"ကျွန်မ...က...Bless"

"အမှန်အတိုင်းပြော.....မင်းက...
ဆုမွန်ရည်..."

သူမရဲ့နာမည်ကိုခေါ်သောကြောင့်ထိတ်လန့်သွားလေသည်။ သခင်ကြီးဆိုသူကသေချာဟန်ဖြင့်ထိုင်နေရာမှရှေ့ထွက်လာကာ Blessရဲ့ပခုံးကိုတင်းတင်းဆွဲကိုင်ကာ...

"ဆုမွန်ရည်မလား....ငါ့သား...ငါ့သားဘယ်မှာလဲ"

သူမကလည်းသူမဘာသာကြောက်လန့်နေပေမဲ့ အကိုဖြစ်သူကိုတော့အပါမခံနိုင်ပေ။

I am a System30 (series1)Where stories live. Discover now