Arc-4.10(ညှိုး)

1.6K 209 53
                                    

Unicode

ပျော်ရဲ့လားဟေ့အချစ်တို့ရေ---

အိမ်တော်သို့အပြန်လမ်းတွင်အားလုံး၏ရင်ထဲတွင်ပူလောင်နေပေမဲ့တိတ်ဆိတ်နေကြသည်။ ဆူရွန်တစ်ယောက်ကတော့မျက်နှာပူနေ​သောကြောင့်ဘာမှမပြောဘဲကုပ်ကုပ်ကလေးလမ်းလျှောက်နေသည်။ သားတွေအရှေ့မှဒီကိစ္စကဖြစ်ပျက်နေရတာလား။ ပြီးတော့ဂျိတ်ဒ်ကသူ့ကိုပွေ့ဖက်ထားပုံက မတရားခံရသည့်မိန်းကလေးကိုအချိန်မှီကယ်နိုင်ခဲ့တဲ့အတွက်မထိရက်မကိုင်ရက်ဖြစ်နေပုံနှင့်ပင်။

ထို့ကြောင့်ဆူရွန်ကအိမ်တော်သို့တန်းပြန်နေကြသည်ကိုမရိပ်မိဘဲတစ်ယောက်တည်းရှက်ခိုးဝေနေသည်။ အိမ်တော်ရောက်မှဘာလို့စံအိမ်တော်သို့အရင်မသွားရသည်ကိုမေးလိုက်သည်။

"လုပ်ကြံသူတွေကြောင့်ညစာစားပွဲကိုချက်ချင်းအဆုံးသတ်လိုက်ပါတယ် ဖေဖေ"

လုပ်ကြံသူတွေဆိုသည့်စကားတွင်ဆူရွန့်၏အချိန်ကရပ်တန့်သွားပေသည်။

'ငလူးးး ငါရှိတဲ့အချိန်တုန်းကဘာလို့မလာရတာလဲ F*** '

<"30 don't know">

'ပိတ်ထား ငါfeelမို့'

လေးထပ်မြောင်တွင်ရှိသည့်ဆူရွန့်၏အခန်းရှေ့သို့ရောက်ချိန်တွင်ဂျိတ်ဒ်ကအစေခံတစ်စုကိုပြန်လွှတ်လိုက်သည်။ အခန်းထဲရောက်တော့ဆူရွန်ကသူ့၏အလွန်ကြီးမားသည့်ကုတင်ပေါ်သို့မထိုင်မှီသူ့သားနှစ်ယောက်ကသူ့ကိုအတင်းဆွဲပြီးရေစိုအဝတ်ကိုအတင်းချွတ်ကာခြောက်သွေ့သည့်ညဝတ်အင်္ကျီကိုလဲပေးနေကြသည်။ ဆူရွန်ကသူ့ဘာသာလဲမည်ဟုပြောပေမဲ့သူတို့ကမရဘူးဟုငြင်းလိုက်သည်။ အတွင်းဝတ်ဘောင်းဘီတစ်ထည်သာရှိသည့် ဆူရွန့်အဖြစ်ကတစ်ကယ်သနားစရာပင်။

ညဝတ်အင်္ကျီဝတ်ဆင်ပြီးနောက်မှသာဆူရွန်ကကုတင်ပေါ်သို့တက်ရတော့သည်။ အအေးပတ်မည်ဟုပြောပြီးစောင်အထူကြီးပေးခြုံကာသူ့ကိုစောင်အောက်သို့အတင်းထိုးထည့်နေကြသည်။

'30ငါ ဟင်နရီကိုသတိရမိတယ် ငါ့ကိုအစိုးရိမ်လွန်ပြီးငါစိတ်ဆိုးမှာလည်းကြောက်နေတဲ့ပုံကသူနဲ့မတူဘူးလား'

I am a System30 (series1)Where stories live. Discover now