Arc-4.22(ညှိုး)

911 100 8
                                    

Unicode

ညည့်နက်လာပေမဲ့သူတို့ပန်းတိုင်မရောက်သေးပေ။ သယ်လာတော့ဝံပုလွေကြီး၂ကောင်တော့မသိပေမဲ့ဆူရွန်ကစိတ်ဓာတ်ကျကာအရမ်းအိပ်ချင်လာသည်။ ဒီကသူတွေနေရာပြောင်းမန္တျန်းတွေမသုံးတတ်ကြဘူးလားဟ? ငါတို့ကပြင်ပလူမို့နေရာမသိလို့မသုံးကြတာလေ? တွေးရင်းတွေးရင်းအိပ်ပျော်သွားတော့သည်။

ကြီးမားသည့်ကုတင်ကြီး၏သားမွှေးအိပ်ယာပေါ်၌အိပ်နေသောဆူရွန်ကြောင့် 30ခေါ်နှိုးနေရသည်။

<"host ဒီတစ်သက်ထဖို့အစီအစဥ်ရောရှိသေးလား">

'5မိနစ်'ဟုပြောပြီးတစ်ဖက်လှည့်အိပ်သွားလေသည်။

နိုးမရသည့်အဆုံးအပြစ်လုပ်မှသုံးရသည့်လျှပ်စီးဓာတ်ကိုအသုံးပြုလိုက်သောအခါမှချက်ချင်းမျက်စိပွင့်ကာထထိုင်လာသည်။ ပုံမှန်ထက်ဆယ်ဆလောက်အား​ပျော့ပေမဲ့ဘာမှမပြင်ဆင်ထားသည့်အတွက်ပိုနာကျင်ရသည်။

ဆူရွန်နိုးလာတော့သူ့ရှေ့မှာထိုင်နေသည့်အနီရောင်မျက်ဝန်း၊အနက်ရောင်ဆံပင်ရှည်နှင့်အမျိုးသားလေးကြောင့်ကြောင်အသွားရသည်။ အမျိုးသားလေးကသူတို့ဝတ်ထားသကဲ့သို့ဝတ်ဆင်ထားသည်။ ထို့အပြင်ထိုအမျိုးသားငယ်၏နောက်တွင်မားမားမတ်မတ်ရပ်နေသည့်အပေါ်ပိုင်းအဝတ်မပါသောအမျိုးသားကြီးကအခုပဲအမဲဖြတ်တော့မည့်မုဆိုးကဲ့သို့ဖြစ်နေ၏။

သူဒီကမ္ဘာထဲစရောက်ထဲကဒီလိုကြောက်ရွံ့ပြီးကြက်သီးထဖွယ်အချေနေကိုပေးစွမ်းနိုင်သူမရှိပေ။ ဆူရွန် ၏ခန္ဓာကိုယ်အရှိန်အဝါကြောင့်သူ့ကိုခြိမ်းခြောက်နိုင်စွမ်းမည်သူမျှမရှိကြပေ။ အန္တရယ်အရှိဆုံးရွိုင်းနှင့်ဘရိုက်ကသူ့ကိုနာကျင်စေမည်မဟုတ်၍ထိုခံစားချက်မျိုးမခံစားဖူးပေ။

"ခင်...ခင်ဗျားတို့က..." မဝံ့မရဲမေးလိုက်တော့အမျိုးသားလေး၏မျက်နှာကမျက်ရည်ဝဲသွားသည်။ ဤသည်ကိုမြင်သည့်အနောက်ရှိအမျိုးသားကြီးကသူ့ကိုဂုတ်ကနေဆွဲလိုက်သည်။ ဒီရက်ပိုင်းဂုတ်ကနေအဆွဲခံရဖို့ကံပါလာသည်ထင်သည်။ သူ့မျက်ဝန်းတွေကဆူရွန့်အတွက်နွေးထွေးနေပေမဲ့စိတ်ဆိုးနေဟန်လည်းပေါ်သည်။

I am a System30 (series1)Where stories live. Discover now