30.space

3.1K 334 10
                                    

Unicode

<"ပြန်လည်ကြိုဆိုပါတယ်host">

"ရပြီ...ကျေးဇူးပါ"

<"ကောင်းပါပြီ...
ပြီးဆုံးတာဝန်-2/10
ပိုင်ဆိုင်မှု-0
ရမှတ်-5980
စွမ်းရည်-စိုက်ပျိုးခြင်း...တွေပါ">

"ok"
ဘာမှပြန်မပြောနိုင်ဖြစ်နေတဲ့hostကြောင့်30လည်းရိပ်စားမိသည်။

ထို့ကြောင့်...
<"hostဘာမှထွေထွေထူးထူးသိပ်မခံစားပါနဲ့...သံယောဇဥ်တွေသိပ်ထားစရာမလိုပါဘူး...ဒါတွေကကမ္ဘာအစစ်ဆိုပေမဲ့hostအပိုင်မဟုတ်ဘူးလေ...သိပ်ခံစားမနေနဲ့">

30ရဲ့spaceထဲမှာကိုယ်ယောင်ဖျောက်ပြီးနေနေတဲ့ပန်းနတ်မင်းက30ရဲ့အားပေးစကားကြောင့်တက်သေချင်သွားပေသည်။ ကာယကံရှင်hostတော့ဘယ်လိုနေမှန်းမသိ။

ညှိုးလည်းပန်းနတ်မင်းခံစားရသလိုပင်ခံစားသွားရသည်။ ဝမ်းနည်းနေတာကို...

<"နောက်ကမ္ဘာတွေမှာhostရဲ့ဦးကအမြဲhostနောက်လိုက်နေမှာ">

"တကယ်"
အဲ့လိုစကားမျိုးကြားတော့ညှိုးကမယုံကြည်ရဲပေ။ သူ့ကိုဘယ်သူမှမလိုချင်လို့အပယ်ခံသာသာထားထားတာလေ။ ဘယ်လိုယုံကြည်ရမလဲ။ ဒါပေမဲ့ဦးဖြစ်လို့ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေဦးကိုတော့ယုံမည်။

<"30တကယ်ပြောတာပါ...အချစ်ရဲ့စွမ်းအားကအရာအားလုံးကျော်ဖြတ်နိုင်ပါတယ်">

"30ကချစ်ဖူးလို့လား..."

<"အဲ့ဒါတေါ့...">

"30အဆင်မပြေရင်မပြောပါနဲ့ရပါတယ်"

<"ပြေပါယ်...ဒါပေမဲ့30မမှတ်မိဘူး..ရင်ထဲမှာတော့တစ်ခုခုလိုနေသလိုပဲ">

"30အကင်တွေမလာတယ်စားမယ်မလား"

ထိုသို့အာရုံလွှဲလိုက်မှရွှင်ရွှင်ပြပြပြန်ဖြစ်လာကာ...
<"ဒါမို့hostကိုချစ်ရတာ">

"ဟုတ်ပါပြီ"

အကင်တွေကိုယူကာအားရပါးရတမြုံ့မြုံ့စားနေရင်းဘာကိုသတိရလာလည်းမသိ...
<"host...">

"အွန်...ပြောလေ"

<"hostဒုတိယကမ္ဘာမှာဘာဆက်ဖြစ်လဲ သိချင်လားဟင်">

I am a System30 (series1)Where stories live. Discover now