Arc-3.10(ညှိုး)

2.4K 272 11
                                    

Unicode

ကျင်းနိုင်ငံဘုရင်၏နန်းဆောင်တွင်ပစ္စည်းများကကြမ်းပြင်ပေါ်၌ပြန့်ကြဲနေပြီးကုတင်စောင်း၌လူတစ်ယောက်ကအားလျော့စွာထိုင်နေလေသည်။ ထိုသူကားအခြားသူမဟုတ်ကျင်းဘုရင်ကျင်းရွှမ်ပင်ဖြစ်ပေသည်။

နန်းဆောင်ပြင်ဘက်ရှိအထိန်းတော်နှင့်နောက်လိုက်များကလည်း အတွင်းရှိအခြေအနေကိုစိုးရိမ်နေကြလေသည်။ မိမိတို့၏ဘုရင်မှာအမြဲတည်ကြည်ခန့်ညားနေတတ်၍ယခုအခြေအနေနှင့်လုံးဝမအပ်စပ်ချေ။ 

သူတို့၏ဘုရင်မြတ်ကခုကဲ့သို့ထိရှလွယ်သူမဟုတ်ပေ။ သို့သော်လွန်ခဲ့တဲ့တစ်နာရီခန့်ကရောက်ရှိလာသည့်စာလွှာတစ်ခုကိုဖတ်ပြီးနန်းဆောင်တွင်း၌ရှိသောအထိန်းတော်အစေခံတစ်စုတို့အား နန်းဆောင်မှမောင်းထုတ်ပြီးသောင်းကျန်းနေခြင်းဖြစ်သည်။ စာလွှာထဲတွင်ပါသည်ကမည်သည်မှန်းမသိပေမဲ့ဘုရင်မြတ်ရဲ့ဒေါသကိုဆွနိုင်သည့်အတွက်အားလုံးကပါမကျေနပ်ကြချေ။

ထိုချိန်တွင်ကျင်းဘုရင်၏ကျောင်းနေဖက်သူငယ်ချင်းတစ်ဦးဖြစ်သည့်ကာကွယ်ရေးဝန်ကြီး၏သမီးဖြစ်သူ ချွမ်စု ကနန်းဆောင်သို့ရောက်လာခဲ့လေသည်။ နန်းဆောင်၏အဝတွင်အထိန်းတော်များကခါတိုင်းကဲ့သို့မဟုတ်ပဲ ထိတ်လန့်နေဟန်တူလေသည်။ သူမမျှော်လင့်ထားသည့်အတိုင်းပင်။

"ကုန်းကုန်း မင်းကြီးကိုပြောလိုက်ပါ ချွမ်စုအခစားဝင်တယ်လို့..."

"ဒါပေမဲ့...အရှင်ကခု..."  ကုန်းကုန်းကကျင်းရွှမ်ကိုအနှောင့်အယှက်မဖြစ်စေချင်မှန်းသိသာလေသည်။ ဒါမို့...

"ဘာမှမဖြစ်ပါဘူးကုန်းကုန်း ကျွန်မကသူ့ရဲ့သူငယ်ချင်းပဲ တစ်ခုခုဆိုကျွန်မပဲတာဝန်ယူလိုက်ပါ့မယ်..."

"ဟုတ်ကဲ့ပါသခင်မလေး..."

"ကိုယ့်ဘာသာကိုယ်ပဲဝင်လိုက်တော့မယ်..."ဆိုပြီးအပျိုတော်တွေဖွင့်ပေးတာကိုမစောင့်ပဲသူမဘာသာနန်းဆောင်တံခါးကိုဖွင့်ဝင်လာခဲ့လေသည်။ အတွင်းဆောင်သို့ရောက်ရန်တံခါးချပ်နှစ်ချပ်လောက်ကိုဖြတ်ရပေသည်။ အထဲသို့ရောက်ရောက်ချင်းပစ္စည်းတစ်ခုကသူမထံသို့လွှင့်စင်လာသဖြင့်အမြန်ရှောင်လိုက်ရလေသည်။

I am a System30 (series1)Where stories live. Discover now