Arc-4.28(ဆူရွန်)

778 69 1
                                    

2.28

ဆူရွန်၏သားနိုရာသည်လက်ရှိတွင်၂၇နှစ်ပြည့်ပြီဖြစ်ပြီးရေအင်ပါယာ၏အိမ်ရှေ့စံကြင်ယာတော်အဖြစ်ဒုတိယမြောက်ကိုယ်ဝန်ကိုလွယ်ထားရပေသည်။ နစ်ကိုးသည်အင်ပါယာကျောင်းတော်၌ပညာသင်ပြီး၂နှစ်ခန့်ထပ်နေကာ နိုရာအသက်၂၀အချိန်တွင်တောင်းရမ်းလက်ထပ်ကာရေအင်ပါယာသို့ပြန်ခေါ်သွားပေသည်။

နစ်ကိုးကရေအင်ပါယာအိမ်ရှေ့စံအဖြစ်အစားထိုးခံခဲ့ရသူဖြစ်ပေမဲ့နိုရာနှင့်လက်ထပ်ပြီးချိန်၌သူ့နောက်လိုက်မည့်အင်အားအနည်းငယ်ကိုရရှိလာသည်။ နိုရာ၏မျက်လုံးအရောင်၊ဆူရွန်နှင့်ဘရိုက်၏ကျော်ကြားမှုတို့ကြောင့်နှင့်နစ်ကိုး၏အမြော်အမြင်ကြီးမားသောအရည်အချင်းတို့ကြောင့်ငြိမ်းချမ်းရေးကိုလိုလားသူများကနစ်ကိုးကိုထောက်ခံလာကြသည်။ အညံ့ခံထားသောရေအင်ပါယာဧကရာဇ်ကလည်းသူချစ်ရတဲ့သားကိုထင်ရာစိုင်းတတ်အောင်အလိုလိုက်မိသည်ကိုနောင်တရလာသည်။ အခုတော့ထီးနန်းကသာမာန်မင်းသားတစ်ပါး၏လက်ထဲကိုရောက်ပေတော့မည်။

တစ်နေ့ထက်တစ်နေ့နစ်ကိုး၏အင်အားကကြီးမားလာပြီး တိုရီ၏အကူညီကြောင့်တိုင်းပြည်၏စီးပွါးရေးတစ်ဝက်ကိုထိန်းချုပ်နိုင်ပြီဖြစ်သည်။ တိုရီကိုယ်တိုင်လည်းမီးအင်ပါယာ၏ထိပ်တန်းစီးပွါးရေးသမားတစ်ဦးဖြစ်လာသည့်အပြင်ကျန်တိုင်းပြည်၃ခုကမင်းသားတွေနှင့်ပူးပေါင်းပြီးစီးပွါးရေးကွန်ယက်ဖြန့်ကျက်ထားသည်။

နစ်ကိုးသည်တရားဝင်အိမ်ရှေ့စံဖြစ်လာပြီးနိုရာလည်းအိမ်ရှေ့စံကြင်ယာတော်ဖြစ်လာသည်။ လက်ထပ်ပြီး၃နှစ်လောက်အကြာမှကလေးယူကာအမွှာလေး၂ဦးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့၏။ ကလေး၂ဦးတွင်အကြီးကဘယ်ဘက်မျက်လုံးသည်အနီရောင်ဖြစ်ပြီးညာဘက်မျက်လုံးကအပြာရောင်ဖြစ်၏။ အမွှာထဲမှအငယ်ကဘယ်ဘက်မျက်လုံးအပြာရောင်ဖြစ်ကာညာဘက်မျက်လုံးကအနီရောင်ဖြစ်လေသည်။ ယခုတွင်တော့ဒုတိယကိုယ်ဝန်ကိုလွယ်ထားရလေပြီ။

နစ်ကိုးနှင့်နိုရာတို့၏ကလေးတစ်နှစ်ပြည့်မွေးနေ့ပွဲသို့သွားချိန်တွင်တိုရီတစ်ယောက်ပြန်ပေးဆွဲခံရကာ၃ရက်တိတိပျောက်ဆုံးသွားသည်။ ဆူရွန်လည်းအရူးတစ်ပိုင်းဖြစ်ကာသူ့သားကိုမတွေ့မချင်းတစ်ရက်မှအနားမယူနိုင်ပေ။ အင်ဒရူးကလည်းရွိုင်းကိုအကူအညီတောင်းကာတပ်အင်အားတစ်ဝက်ကိုပင်တောင်းဆိုခဲ့၏။ ပြန်တွေ့တော့တစ်ကိုယ်လုံးနီးပါနှိပ်စက်ခံထားရကာတိုရီဟာဒွိလိင်ဖြစ်မှန်းပါသိလိုက်ရသည်။ ဆူရွန်လည်းစိတ်ဖောက်ပြန်ကာအားလုံးကိုသတ်ခဲ့သည်။ ကြံရာပါအားလုံးကိုရက်ရက်စက်စက်အပြစ်ပေးခဲ့သည်။

I am a System30 (series1)Where stories live. Discover now