Arc-4.33(ဆူရွန်)

659 47 3
                                    

4.33

'မားကပါးကိုတကယ်ချစ်ရဲ့လား'
<"hostကဘာလို့မေးတာလဲ">
'မသိဘူး ငါ့ရင်ထဲမအဲ့လိုခံစားနေရလို့'
ဆူးရဲ့အမူအယာကအရမ်းချစ်ခင်ကာလိုက်လျောသည့်အမူအရာဆိုသော်လည်း မျက်ဝန်းများကထိုသို့ဆိုမနေပေ။

'သူ့မျက်ဝန်းတွေကတစ်ခုခုလိုအပ်နေသလိုပဲ'

လောလောဆယ်ငါ့သားတွေကအရေးကြီးတယ် ဒါကိုမတွေးနိုင်သေးဘူး။

ခုသစ်သားအင်ပါယာထဲဝင်ဖို့လုပ်ရမယ်။

.....

ဂျိတ်ဒ်သူ့ရဲ့ညီငယ်ကိုအနားကနေပျောက်သွားမည်စိုး၍တင်းတင်းဖက်ထားလေသည်။ ညီဖြစ်သူကနိုးလာတော့သူစိမ်းတွေကိုမြင်သောအခါ အကိုဖြစ်သူရဲ့လက်မောင်းကြားထဲကပင်မထွက်ရဲပေ။ ဒီလိုအဖြစ်အပျက်မျိုးသူခံစားဖူးသလိုပင်။ ဒါပေမဲ့အဲ့တုန်းကနှင့်လက်ရှိကအခြေနေမတူပေ။ လက်ရှိတွင်သူ့ကိုကာကွယ်မည့်သူရှိသည်။

"မကြောက်နဲ့အကိုကြီးရှိတယ်"

"အင်းးမကြောက်ဘူး"ဟုသာပြောသော်လည်း အကိုဖြစ်သူရဲ့ဗိုက်ထဲဝင်မတတ်ပုန်းနေသည်။

ယောက်ဖဖြစ်သူအင်ဒရူးအကြောင်းသိသည်မို့အမြန်ဆုံးလာကယ်ခံရမည်ကိုသိသည်။ အင်ဒရူးကရိုးသားပြီးခပ်လျှိုလျှိုနေတတ်တဲ့ပုံပေါ်ပေမဲ့ သူ့အဖေဖြစ်သူလိုကောက်ကျစ်ကာအကြံအစည်ကြီးသည်။ ဘရိုက်လည်းအတူတူအနူနူပင်။

တော်ဝင်မိသားစုကပျက်စီးနေပေမဲ့ သူတို့ကတိုရီကိုအိမ်ရှေ့စံကြင်ယာတော်အဖြစ်လက်ခံကြသည်။ ဒါဟာတော်ဝင်မိသားစုအပေါ်သူအလုပ်အကြွေးပြုရမည့်အပေါ်ယုံကြည်စေသည်။

လက်ရှိတွင်သူတို့၂ဦးကိုအလုံပိတ်ထားတဲ့လှည်းလေးထဲတွင်ထည့်ထားပြီး လေးဖက်လေးလံကိုထူးခြားသည့်သံမဏိများဖြင့်ကာရံထား၏။ သူ့လည်ပင်းတွင်မီးစွမ်းအင်ထုတ်သုံး၍မရအောင်ချိတ်ပိတ်ထားသောလည်ပတ်တစ်ခုရှိလေသည်။

လက်ထဲရှိသံမဏိကြိုးတွေကြောင့်ဝံပုလွေပုံစံပြောင်းရတာအခက်အခဲရှိသည်။ ဒါပေမဲ့သူဖျက်ဆီး၍မရတာတော့မဟုတ်။ သူကအဖိုးဖြစ်သူလို ဧရာမဝံပုလွေအမျိုးအစားပင်။ ဒါပေမဲ့စစပြောင်းချင်းဆိုခန္ဓာကိုယ်ကအရမ်းကြီးမားနိုင်ပြီးနောက်မှအရွယ်အစားချိန်ညှိရခြင်းပင်။ သူတို့ကသူ့ရဲ့အားနည်းချက်ကိုသိပုံပင်။ အကယ်၍သူသာဘာကိုမှဂရုမစိုက်ဘဲသူ့ဝံပုလွေပုံစံပြောင်းလျှင် သူနှင့်အတူရှိသောညီတော်ကိုသာအရင်ဆုံးထိခိုက်လိမ့်မည်။ ခုလက်ရှိမီးဖွားကာနီးကိုယ်ဝန်ကအထိအခိုက်မခံနိုင်ပေ။

I am a System30 (series1)Where stories live. Discover now