Arc-1.12(ညှိုး)

4.4K 479 12
                                    

Unicode

Aနိုင်ငံအဆင့်မြင့်ဆေးရုံကြီး၏ VIPခန်းတွင် ကုတင်ပေါ်၌ဖြူဖျော့တဲ့လူတစ်ယောက်ကလဲလှောင်းနေသည်။ ကျန်တစ်ယောက်ကလက်ကိုဖွဖွကိုင်ကာနုတ်မှလည်း..
"ကိုကို ညီညီ့ဆီမြန်မြန်ပြန်လာပါနော်...
ညီညီလေ ကိုကို့ကိုကတိအတိုင်းစောင့်ရှောက်ပေးနိုင်ပြီသိရဲ့လား ကိုကို"

တတိယလူတစ်ယောက်ကလည်း အခန်းထဲသို့မဝင်ပဲ အပြင်မှာဒူးထောက်ကာ"daddy သားတောင်းပန်ပါတယ်...သားအနားမှာရှိပေးခဲ့ရမှာ"

အနောက်မှ...

"ဦး..."

"ဟင် ကောင်လေး ဘယ်သူနဲ့လာတာလဲဟင်"

"ကျွန်တော့်ဘာသာလာတာပါ ဦးမငိုနဲ့လေ..."ဆိုပြီးမျက်ရည်တွေသုတ်ပေးနေလေသည်။

'30ငါလေ ဦး ကိုဘယ်လိုချော့ရမလဲဟင် ဦးမျက်ရည်တွေမြင်နေရတာ ငါ့ရင်ဘတ်ကြီးကနာနေလို့ပါ'

<"30လည်းမပြောတတ်တော့ပါဘူး ">

'30 မင်းအန်ကယ်ရေဒါကိုသတိရအောင်လုပ်ပေးလို့ရမလားဟင်'

<"pointတွေနဲ့ဝယ်မှရမယ်">

'ဝယ်လိုက် ငါ့အတွက်pointကအရေးကြီးပေမဲ့ ဦး အနားမှာရှိချိန်လေးဦးကိုပြုံးနေတာပဲမြင်ချင်တယ်'

<"ဟုတ်ပါပြီ -30point နောက်15 မိနစ်နေရင်သတိရလာပါလိမ့်မယ်">
<ငါhostကိုအဲ့အကြောင်းပြောလိုက်ရင်ကောင်းမလား...no...မပြောတာပဲကောင်းတယ်...hostဆွေးနေတာလေးကကြည့်ကောင်းတယ်..ဟိဟိ>

15မိနစ်ခန့်ကြာသော်...အခန်းထဲကအချက်ပေးသံကြောင့်အပြေးအလွှားရောက်လာတဲ့ ဆရာဝန်များကြောင့် ဟင်နရီနဲ့ ဂျက်စတင်း ပါဝင်သွားလိုက်သည်....

" နာကျင်တာတွေရှိသေးလား Mr."

တစ်ဖက်ကတစ်ခွန်းမှပြန်မဖြေပေမဲ့ ခေါင်းခါပြလေသည်။

မစ္စတာဆင်ဘာကစကားမပြောနိုင်သေးတဲ့ ချစ်ရသူကြောင့် စိုးရိမ်ကာ"doctor စိုးရိမ်ရလားဟင်..."

"စိုးရိမ်စရာတော့မရှိပါဘူး...သတိရရခြင်းမို့ပါ..."

"ဟုတ်ကျေးဇူးပါ"

ဆရာဝန်တွေကစစ်ဆေးစရာရှိတာတွေကိုဆက်လက်စစ်ဆေးပြီး စိတ်ချရတယ်ဆိုတာသေချာသလောက်ရှိမှ အခန်းထဲကထွက်ခွါသွားခဲ့သည်။

I am a System30 (series1)Where stories live. Discover now