Arc-3.9(ညှိုး )

2.4K 291 11
                                    

Unicode

ဟွားလော့အသံလာရာဘက်ကိုမှန်းဆကာပြေးသွားလေသည်။ အသံနှင့်တဖြည့်ဖြည်းနီးကပ်လာလေ တစ်ခုခုမူမမှန်ဖြစ်လေလာသည်။

'အရေးထဲ30ကပါမလာဘူး...'

ချောက်ကမ်းပါးတစ်ခုနားသို့ရောက်သော်ဆက်သွားစရာမရှိတော့ပေ။ ကျင်းဟွမ်ကလည်းဘယ်ရောက်မှန်းမသိ....

~ဂိးး...ဂါးးးးး~ ထိုအချိန်တွင်နည်းနည်းကြက်သီးထစရာကောင်းတဲ့အသံဆိုးကြီးတွေကကမ်းပါးအောက်ကနေထွက်ပေါ်လာလေသည်။

'အသံကဒီအေါက်ကလာတာပဲ...ဒါနဲ့ချောက်ကဘယ်လောက်တောင်နက်မှာလဲ...ငါဆင်းရမလား...အားးးငါကနတ်သားပဲသေမှာမှမဟုတ်တာကို...'ဆိုပြီးဆင်းဖို့ပြင်လေသည်။ ပြီးနှောက်နွယ်ကြိုးတွေကိုယူပြီးဖြေးဖြေးချင်းဆင်းလေသည်။ သို့သော်လမ်းတစ်ဝက်မှာကြိုးပြတ်ပြီးအောက်သို့တိုက်ရိုက်ပြုတ်ကျလေတော့သည်။ သူပြုတ်ကျပေမဲ့အသံမထွက်တာထူးဆန်းလေသည်။ 'သြော်ငါကနတ်သားပဲ'

မြေပေါ်မှာငုတ်တုတ်ကလေးဖြစ်နေရင်းအပေါ်မော့ကြည့်မိတော့...ကျင်းဟွမ်ကိုတွေ့လိုက်ရလေသည်။ ဒါပေမဲ့ကျင်းဟွမ်အပြင်လူသုံးယောက်ပါထပ်တွေ့လေသည်။ ထူးဆန်းတာကလူတစ်ယောက်ကိုထမ်းထားတဲ့အမျိူးသားတစ်ဉီး...ကျင်းဟွမ်ရဲ့ခြေထောက်ကိုဖက်ထားပြီး "ကယ်တင်ရှင်ကြီးရေ...ကယ်ပါဉီး"တစာစာအော်နေတဲ့ကောင်လေးတို့ရယ်​...သူတို့တွေကိုအုပ်စုဖွဲ့တိုက်ခိုက်နေတဲ့zombiesလိုလိုဘာလိုလိုတွေကိုတွေ့ရလေသည်။

'30နောက်ဆိုမင်းကိုငါမထားခဲ့တော့ပါဘူးး'  ရင်တွင်း၌ကြိတ်ငိုနေရင်းမိမိကနတ်သားဖြစ်ကြောင်းသတိရသွားကာမတ်တပ်ရပ်လိုက်ရင်းးကြာပွတ်ပုံစံနွယ်ကြိုးတစ်ခုကိုထုတ်ကာဝေ့ရမ်းလိုက်လေသည်။ ဝွေ့ရမ်းလိုက်သည့်အရှိန်ကြောင့်ထိုလေးယောက်အနားရှိzombiesလိုလိုဟာတွေကလွှင့်သွားလေသည်။ ချက်ချင်းအကာအကွယ်စည်းဝိုင်းတစ်ခုဆွဲကာသူပါစည်းထဲဝင်လိုက်လေသည်။

သူ့တိုက်ခိုက်မှုဟာလျှင်မြန်​သောကြောင့်ဘာဖြစ်သွားလည်းမည်သူမှမသိလိုက်ချေ။ သူကျင်းဟွမ်အနားရောက်တော့ကျင်းဟွမ်က သူ့(ဟွားလော့)ကိုမစိုးရိမ်ပဲ..."အားလော့ကလေးကော..."လို့မေးလာလေသည်။

I am a System30 (series1)Where stories live. Discover now